နော်နိုရင်း
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးနဲ့ ရဲဘက်တွေအတွက်ဆိုပြီး ဒေသခံတွေဆီက ငွေကြေးကောက်ခံနေပါတယ်။
နယ်ခြားစောင့်တပ်နယ် (၄) လက်အောက်ခံတပ်ရင်းတွေက ဘားအံမြို့နယ် တကောင်ဘိုး၊ ပျဉ်းမပင်ဆိပ်၊ မီးဇိုင်စတဲ့ ကျေးရွာတွေဆီကနေ ငွေကောက်ခံနေတာဖြစ်ပါတယ်။
ကျေးနယ်တခုမှာ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းရှိပြီး ကျေးရွာအကြီးအသေးအလိုက် တရွာကို ကျပ်ငွေ ၅ သိန်းကနေ ၁၀ အထိ ပြီးခဲ့တဲ့လကစပြီး ကောက်ခံတာလို့ ဒေသခံရွာသားတဦးက အခုလို ပြောပါတယ်။
“တရွာကို ၅ သိန်း၊ ၆ သိန်း၊ ၉ သိန်းတို့တောင်းတယ်။ ဒီလိုမျိုးကောက်တာကို မပေါက်ကြားစေနဲ့ ပေါက်ကြားရင် သတ်မယ်ဆိုပြီးလည်းပြောတယ်။ ရွာသားတွေလည်း ကြောက်ပြီး ပေးကြတာပေါ့။ တအိမ်ကို ၁ သောင်းလောက် ပေးရတယ်။ တချို့ရွာတွေလည်း ကောက်တယ်၊ တချို့မှာလည်း မကောက်သေးဘူးပြောတယ်။”
ငွေကောက်ခံသူတွေဟာ နယ်ခြားစောင့်တပ်နယ် ၄ လက်အောက်ခံ တပ်ရင်းက ဗိုလ်တင်ဝင်း၊ ဗိုလ်မောင်ချစ် နဲ့ ဗိုလ်သောမန ဦးဆောင်တဲ့အဖွဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။
နယ်ခြားစောင်တပ်နယ် ၄ ဟာ တပ်နယ်မှူး ဗိုလ်မှူးကြီး ကြာအင်း ဦးဆောင်တာဖြစ်ပြီး တပ်နယ် ၄ တပ်ရင်းတွေဟာ ကရင်ပြည်နယ် ဘားအံ နဲ့ လှိုင်းဘွဲ့ မြို့နယ်တွေမှာ အခြေချထားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒီလိုငွေကြေးကောက်ခံတာကြောင့် ဒေသခံတွေဟာ မပြေလည်တဲ့ကြားကပဲ ပေးဆောင်နေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
“တကော်ဘိုးကျေးနယ်ကရွာတွေ ကုန်းလမ်းကြီးတို့၊ လက်ပံတန်းတို့၊ ဆိပ်ကျောင်းတို့ ရွာတွေကို တရွာ ၉ သိန်းတို့ ၊ ၅ သိန်းတို့ ၆ သိန်းတို့ အဲလိုတောင်းတာ။ ပေးလို့မနိုင်လည်း ပေးနိုင်အောင်ကြိုးစားရှာနေရတယ်။ အဆင်မပြေလည်း အကောက်ကမပေးလို့လည်း မရဘူး။ ဒီလိုကောက်တာကို ပေါက်ကြားရင်လည်း သတ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တယ်။”
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အသုံးစရိတ်အတွက် နိုင်ငံတော်က ချပေးတာရှိပေမယ့် အဲဒီအသုံးစရိတ်တွေ လုံလောက်မှု မရှိတာကြောင့် အခုလို ငွေကြေးကောက်ခံတာဖြစ်တယ်လို့လည်း နယ်ခြားစောင့် တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
http://burmese.dvb.no/archives/14283
17 August 2011
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဘားအံဒေသခံများထံ ငွေကောက်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment