
မြိုင်ကြီးငူကို လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ က တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နဲ့တူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူနဲ့ နှစ်မိုင်လောက် ဝေးတဲ့ ကံညီနောင်ရွာမှာ မနေ့မနက်ပိုင်းက နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တပ်ဖွဲ့ဝင်တွေနဲ့ ဗိုလ်မှူးစောဘိ ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု မရှိပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဒီကေဘီအေ ကလိုထူးဘော တပ်ရင်းရဲ့ စစ်ထောက်လှန်းရေး ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။
အခုထိန်းသိမ်းထားသူတွေကို အရပ်သားအဖြစ် နေလိုသည် ဖြစ်စေ၊ အစိုးရကို တော်လှန်ဖို့ ပူးပေါင်းချင်ရင် ဖြစ်စေ သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးမှာပါလို့ ပြောပါတယ်။
ကရင်အမျိုးသားချင်း ဘာကြောင့် အခုလို တိုက်ခိုက်နေရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးစောသရီးထူးက “ကျနော်တို့ ဒီအချိန်မှာ ပြည်သူလူထုအရေးပဲ နှစ်သက်နေတယ်။ စစ်အာဏာရှင်ကို ဒီကေဘီအေအနေနဲ့ ငြိမ်းချမ်းရေး ယူတယ်။ သူတို့က ဒီကေဘီအေကို ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) ဖြစ်အောင် လုပ်တယ်။ နောက်ပြီး ကရင်အချင်းချင်း သွေးကွဲအောင် ဒါက အဖြေပေါ်နေပြီ။ ဒါက နအဖကို ပြန်ပြီး တော်လှန်ရမယ် ဆိုတာ အချိန်ရောက်နေပြီ။ ဘီဒီအက်ဖ်က နအဖရဲ့ တပ်အောက်မှာ နေတယ်ဆိုတော့ ကျနော်တို့ ရန်သူလို့ပဲ သတ်မှတ်တာပေါ့နော်” လို့ ပြောပါတယ်။
http://burmese.dvb.no/archives/14693
25 August 2011
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို ဒီကေဘီအေ ဖမ်းမိ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


1 kommentarer:
ကရင်တွေ ဘာတွေမရွေးသင့်ဘူး။ အချိန်တန်ပြီ။ နအဖဘက်ကနေပြီးကိုယ့်မိဘ၊ ကိုယ့်လူမျိုး၊ ကိုယ့်ညီကိုမောင်နှံမ၊ကိုယ့်ခေါင်းဆောင်တွေ၊လူမျိုးတွေကိုမငှဲ့ဘဲ မတ ရားပြုတဲ့လူတွေချမ်းသာခွင့်မပေးသင့်ဘူး။ မိမိကိုယ်ကိုမိမိ ကရင်လို့သိပြီး ရိုးရိုးလေးနဲ့ပြန်ဝင်လာတာမဟုတ်ဘဲ။ ပြည်သူလူထုလိုပြန်နေချင်လျင်ပြန်ထွက်လာပြီးလူထုလိုနေပေါ့။ အစိုးရကိုပြန်တိုက်ချင်လျင်လည်းပြန်ထွက် လာပြီးအစိုးရကိုပြန်တိုက်ပေါ့။ အဲဒီလိုမှမဟုတ်ဘဲ။ နအဖလက်ကိုင်တုတ်တွေ။ တိုက်ပွဲထဲမှာ ဖမ်းလို့ရတဲ့ အနဖထောက်ခံသူတွေအားလုံးကို စစ်သုပန်းပီပီသတ်မှတ်ပါ တိုင်းပြည်နှင့်ပြည်သူကိုချစ်သောမိဘ၊ညီအစ်ကို၊ ရဲဘော်
နှင့် ခေါင်းများခင်ဗျ။
Post a Comment