
ဟလို......ဟလို ဟယို
..... ကြားလား..... သြ ..အေး ဒီမှာပြောမယ် နားထောင် ငါတို့အစိုးရ
ကို ဗမာပြည်က သိန်းစိန်အစိုးရလို သန့်ရှင်းတဲ့အစိုးရဖြစ်အောင်
ဖွဲ့စည်းကြရမယ် ဟဲ ......ဟဲ .....ဟဲ
နိုင်ငံတကာက လက်ခံတဲ့ပုံစံနဲ့သန့်ရှင်းတဲ့အစိုးရအဖွဲ့၊ဖွဲ့စည်းဖို့ နိုင်ငံရေးနဲ့မဆိုင်တဲ့ အပြင်လူတွေကို ထည့်သွင်းဖို့ သူပြင် ဆင်နေတယ်လို့ ရာထူးကနေ မောင်းထုတ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ်က ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးမှာပါဝင်လုပ်ဆောင်ခဲ့တဲ့ သူတို့ရဲ့အရေးပါမှုအတွက် အစိုးရအဖွဲ့ထဲမှာ ၀န်ကြီးနေ ရာအများစု ရချင်နေကြတဲ့ အရှေ့မြောက်ဒေသက ဖွေ့ထိုင်းပါတီ အမတ်တွေထဲက အင်အားကြီးတဲ့ အစုက သူ့ရဲ့ကြိုး ပမ်းအားထုတ်မှုတွေကို ရပ်တန့်အောင် လုပ်ကောင်းလုပ်နိုင်တယ်။ ပါတီတွင်းမှာ ဒီအစုက နေ့ရှိသမျှ ဒီကိစ္စအတွက် အပြင်းအထန် ဆွဲဆောင်စည်းရုံးမှုတွေ ထူးထူးခြားခြား ရှိလာနေတယ်။ ထပ်စင်က ခွန်ယင်လပ်ရဲ့ ပထမဆုံးဖွဲ့တဲ့ ကက် ဘိနက်ကို အကောင်းမြင်ချင်တယ်။ ဆိုတာကို အားလုံးကို အသိပေးလိုက်တာ ဖြစ်တယ်။
ဝန်ကြီးရာထူးတွေပေးဖို့ တောင်းဆိုနေတဲ့ပါတီထဲက ဂိုဏ်းသားတွေရဲ့ဖိအားတွေ ရှိနေပေမဲ့လည်း နိုင်ငံရေးနယ်က မဟုတ်တဲ့ အပြင်က လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနဲ့ အားဖြည့်ဖို့ သူ ကြိုးစားလုပ်ဆောင်နေတယ်လို့ ပါတီသတင်း ရပ် ကွက်က ပြောပါတယ်။ ပါတီရဲ့ကံကြမ္မာကို ထပ်စင်ရဲ့ ခိုင်ခိုင်မာမာဆုပ်ကိုင်ထားမှုက ဘာလဲဆိုတော့ ပါလီမန်မှာ အရွေး ခံရတဲ့ ရှပ်နီခေါင်းဆောင်တွေကို ကက်ဘိနက်ထဲကို ဖိတ်ခေါ်မှာမဟုတ်ဘူး။ ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ကို နောက်ပိုင်း ကက်ဘိနက်ဝင်တွေ အပြောင်းအလဲမှာ ရာထူး ပေးနိုင်တယ်လို့ သတင်းရပ်ကွက်က ဆိုပါတယ်။
ဝန်ကြီးရာထူးယူဖို့ ချဉ်းကပ်တဲ့ အပြင်လူတွေထဲမှာ Siam Commercial ဘဏ်က အမှုဆောင်ဥက္ကဋ္ဌ၊ ၀ီချစ်ဆူရာ ဖုန် ချိုင်း၊ ထိုင်းနိုင်ငံ ကစ်တီရာ့တ်နာရာနုံစတော့အိပ်ချိန်း၊ ဥက္ကဋ္ဌ ဖြစ်သူ သံအမတ်ကြီးဟောင်း ၀ိခရုမ်ခွန်ဖီရိုချာနတို့ ပါဝင် ပါတယ်။ သူတို့ဟာ စီးပွားရေးနဲ့နိုင်ငံခြားရေးဝန်ကြီးနေရာတွေမှာ တာဝန်ယူကြမယ်လို့ ခန့်မှန်းရပါတယ်။ ထိုင်နိုင်ငံ တော်ပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ PTT ဥက္ကဋ္ဌဟောင်း ဖရာဆာ့တ်ဘန်ဆမ်ဖန်က သူ့အနေနဲ့ စွမ်းအင်ဝန်ကြီးလုပ်ဖို့ သဘောတူတယ်ဆိုပြီး သူ့ဝန်ထမ်းကို ပြောတယ်လို့ သတင်းရပါတယ်။ ဒါကို ပါတီထဲကအတွင်းလူတွေက အတည်ပြု နိုင်စွမ်းမရှိပါဘူး။
တခြားဖွေ့ထိုင်းပါတီ သတင်းရပ်ကွက်က ပြောတာကတော့ ကက်ဘိနက်အဖွဲ့ဝင် ၃၅ ယောက်ထိ ရွေးပြီးပြီ၊ ၅ ယောက် က ညွန့်ပေါင်းပါတီကဖြစ်ပြီး ကျန် ၃၀ ကတော့ ဖွေ့ထိုင်းပါတီအမတ်တွေကို ခွဲဝေပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ ပါတီတွေနဲ့အမတ်မဟုတ်သူတွေအတွက် ဗဟိုခွဲတမ်းအောက်မှာ ၁၅ နေရာကို အရံထားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာ တွေကို ဒေသတခုစီက အမတ်တွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။ အရှေ့မြောက်ဒေသက အမတ်တွေက မူလက ကက်ဘိ နက်မှာ ရာထူးနေရာ ၈ နေရာ ရချင်တာလို့ သတင်းရပ်ကွက်က ပြောပါတယ်။ ဒါပေမဲ့ အရှေ့မြောက်ဒေသက အမတ်၂ ယောက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ လက်ထောက်နေရာပေးထားတာကြောင့် သူတို့ခွဲတမ်းကို ၆ နေရာပဲ ဖြတ်ချ လိုက်ပါတယ်။
ရွေးကောက်ပွဲမှာ အရှေ့မြောက်ဒေသက ထူးထူးခြားခြားကိုပဲ အမတ် ၁၀၄ နေရာ ရခဲ့တာပါ။ ညွန့်ပေါင်းပါတီအတွက် ကက်ဘိနက်ရာထူးစာရင်းတွေကို နောက်ဆုံးအတည်ပြု ရွေးချယ်ပြီးပါပြီလို့ ပါတီသတင်းရပ်ကွက်တချို့က ပြောပါတယ်။ ချာ့ထိုင်းပတ္ထနာပါတီက စိုက်ပျိုးရေးဝန်ကြီး၊ ကမ္ဘာလှည့်ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး၊ ဒုဝန်ကြီး နေရာတွေရပါ မယ်။ ချာ့ပတ္ထနာဖွေ့ဖန်ဒင်းပါတီကို စက်မှုဝန်ကြီးနေရာပေးပြီး၊ ဖလန်ချုံက ယဉ်ကျေးမှုဝန်ကြီးနေရာ၊ ဒါမှမဟုတ် သိပ္ပံနဲ့ နည်းပညာဝန်ကြီးနေရာကို ရွေးချယ်နိုင်ပါတယ်။
11ReadMore-2.jpg
0 comments






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment