ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင် အနီးမှာ DKBA ၉၀၇ တပ်ရင်းက ဒုရင်းမှူး ကျော်ပရို့ ဦးစီးတဲ တပ်ဖွဲ့ဝင်တွေ ဟာ ကြံ့ဖွံ့အစိုးရ စစ်တပ် အရှေ့တောင်တိုင်း တိုင်းမှူးပါတဲ့ ကားတန်းကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဆီကြို တိုက်ခိုက်ရာမှာ ကြံ့ဖွံ့အစိုးရတပ်ဘက်မှ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူပဲ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်စခန်းချထားတဲ့ ခင်နှင်းမူ စခန်းကို DKBA ဗိုလ်မှူးကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ ညနေ ၃ နာရီခန့်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံပါရာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှာ ၂ ယောက် ဒဏ်ရရရှိ သွားတယ်လို့ သိရှိရပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က တိုက်ပွဲ အခြေအနေတွေကို DKBA ဗိုလ်မှူး ဆန်းအောင် ကို မေမြန်းစုံစမ်းကြည့်ရာ..
“ဟုတ်ကဲ့ အဲဒီနေ့က ဗိုလ်ချစ်သူ စခန်း ရွှေကုက္ကိုမှာ နယ်ခြားစောင့်ဖွဲ့စည်းတဲ နှစ်ပတ်လည်နေ့ရှိတယ်။ ဒီအခမ်းအနားကို အရှေ့တောင်တိုင်း တိုင်းမှူးတက်တယ်။ ကျနော်တို့ဘက်က တက်လာတဲ့ ကားတန်းကို စောင့်ပစ်ခဲ့တယ်။ ညနေပိုင်းမှာ လည်း ဗိုလ်မှူးကျော်သက် က ခင်နှင်းမူ စခန်းကို ဝင်တိုက်ခဲ့သေးတယ်။ ကျနော်တို့ အနေနဲ့ မြန်မာပြည်က စစ်အာဏာ ရှင် အုပ်စုကို ပြန်တိုက်ပွဲဝင်တဲ့ အချက်တွေထဲမှာ ဒီနယ်ခြားစောင့်လုပ်ခိုင်းတဲ့ဟာ အချက်တချက်အနေနဲ့ ပါတယ်။ ကျနော်တို့ကတော့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေးစိတ်ဓါတ်တွေ တော်လှန်ရေးတပ် တွေကို စစ်အုပ်စုက အပြီးတိုင် ချိုးနှိမ်လိုက်တာပဲလို့ မြင်တယ်။ ကျနော်တို့ တော်လှန်ရေးလုပ်တာ ကျနော်တို့ ကရင် ပြည်သူနဲ့ လူမျိုအားလုံး လွတ်မြောက်ရေး ဖြစ်တယ်။ အခု ကျနော်တို့ လူမျိုးတွေ ဘာတွေ တိုးတက်နေပြီလဲ ဘာမှ မဖြစ်သေးဘူး ဘာမှ တိုးတက်လာတာ မရှိသေးဘူး ဒါကြောင့် ကျနော်တို့ လူမျိုးအတွက် တိုက်နေတဲ့ ရပ်တည်နေတဲ့ တော်လှန်ရေးတပ်တွေဟာ ပြီးပျောက်သွားလို့ မရသေးဘူး။ ကျနော်ကတော့ ဒါလောက်ပဲ ပြောချင်တယ်” လို့ ပြောပြ သွားပါတယ်။
မနေ့ညက မြဝတီမြို့ ပတ်ဝန်ကျင်မှာ လက်နက်ကြီးပစ်သံ၊ ပေါက်ကွဲသံတွေ ကြိုကြား ကြိုကြား ကြားနေရပြီး မြို့ခံတွေ အနေနဲ့ အထူးစိုးရိမ်းနေကြတယ်။ သြဂုတ်လ ၂၁ နေ့မှာ ကျင်ပမယ်လို့ ကြားသိထားတဲ့ ဗိုလ်မုတ်သုန် စခန်းက နယ်ခြား စောင့်ဖွဲ့စည်းခြင်း နှစ်ပတ်လည်း အခမ်းအနားကို ထပ်မံတက်ရောက်ကြမယ့် ကြံ့ဖွံ့အစိုးရ စစ်တပ်အရာရှိတွေလည်း မြဝတီမြို့ထဲမှာ တည်းခိုနေကြတယ်လို့ သိရှိရပါတယ်။
http://www.naytthit.net/?p=17444







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment