Written by BBC
မဲဆောက်မြို့ပိုင် နိုင်ပရီချာ ကျိုင်ဖက်ဟာ မဲဆောက် တဘက်ကမ်း မြန်မာ နိုင်ငံ ဘက်ခြမ်းက၊ ရွှေကုက္ကိုရ် ရွာ ကို တနင်္လာ နေ့က သွား ရောက်ပြီး၊ ကရင် နယ်ခြား စောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ သွားမိတ် ဆက်ရင်း ဆွေးနွေးခဲ့ တာ ဖြစ်တယ်လို့ မဲဆောက် မြို့ပိုင်က ဘီဘီစီကို ပြောပါတယ်။
နယ်စပ်က မူးယစ်ဆေးဝါး ပြဿနာမှာ ထုတ်လုပ်မှု ကူးသန်း ရောင်းဝယ်မှုတွေ အပြင် နယ်စပ်က ယာဉ်ခိုးမှု ပြဿနာတွေ ကို ဝိုင်းဝန်း ထိန်သိမ်း ကြဖို့နဲ့ နှစ်ဘက် ချစ် ကြည်ရေး ဘောလုံး အားကစား ပွဲတွေ ဂေါက်ရိုက်ပွဲတွေ ကျင်းပဖို့ စတဲ့ အဓိကအချက် သုံး ချက် ကို ဆွေးနွေး ခဲ့ကြတယ်လို့ မဲဆောက်မြို့ပိုင် နိုင်ပရီချာ ကျိုင်ဖက် က ပြောပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ကလည်း နယ်စပ်က ပြဿနာတွေ အတွက်အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ကြောင်းလည်း မဲဆောက် မြို့ပိုင်က ပြောပါတယ်။
မဲဆောက် မြို့ပိုင်ကိုယ်တိုင် မြန်မာ ဘက်ကိုသွားပြီး အခုလို ဆွေးနွေး ရတာဟာ ထိုင်းဘက် နယ်စပ်မှာမြန်မာ ဘက်က လာတယ်ဆိုတဲ့ အရေအတွက်သိပ် မများတဲ့ ယာဘ ဆေးပြားကို မကြာခဏ ဖမ်းမိ နေတာတွေရယ် ထိုင်းဘက် နယ်စပ်က ဆိုင်ကယ်တွေ ကားတွေ မကြာခဏ အခိုးခံရ လုယက်ခံနေရတာ တွေကြောင့် ဖြစ်နိုင်တယ်လို့ ထိုင်း နယ်စပ် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
ကား အခိုး ခံရတဲ့ အမှုတွေ အထဲမှာ အဆိုးဆုံးက ပြီးခဲ့တဲ့ လပိုင်း တုန်းက၊ ချင်းမိုင်ကနေ ငှားလာတဲ့၊ မှန်လုံ ပေါင်မုန့်ကား အသစ်ကို ကားငှားစီး လာတဲ့သူတွေက ပိုင်ရှင် ကားမောင်း သမားကို သတ်ပြီး ကားကို မြန်မာဘက် ရောင်းလိုက်တဲ့ အမှု ဖြစ်ပါတယ်။
မဲဆောက် မြို့ပိုင်နဲ့ ကရင် နယ်ခြားစောင့်တပ် အမှတ် သုံး တပ်နယ်မှူးတို့က နယ်စပ်မှာ ဖြစ်နေတဲ့ မူးယစ်ဆေး ဝါး ပြဿနာနဲ့ ယာဉ်ခိုးမှု ပြဿနာတွေကို ပိုမို ပူးပေါင်း ဖြေရှင်းဖို့ သဘောတူပေမဲ့၊ ရှည်လျားတဲ့ နယ်စပ်ကို နှစ်ဘက် စလုံးက လုံအောင် ပိတ်နိုင်ဖို့က သိပ်မလွယ်ဘူးလို့ နယ်စပ်က အကဲခတ်တွေက ပြောပါ တယ်။
17 August 2011
မဲဆောက် မြို့တော်ဝန်နဲ့ ဗိုလ်မှူးကြီး ချစ်သူ ဆွေးနွေး
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment