ဆွေးနွေးပွဲ တက်ရောက်လာသည့် ထိုင်းအာဏာပိုင်များနှင့် ကရင်နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများ (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် တခြားရာဇ၀တ်မှုဆိုင်ရာ ပြဿနာများကို ပူးတွဲဖြေရှင်းနိုင်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့် မြ၀တီခရိုင်အခြေစိုက် ကရင်နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်များ ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်၊ မဲဆောက်မြို့ မြူနီစပယ် ဥက္ကဋ္ဌတို့ ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်မှ အကြံပေးအရာရှိ ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်ရင်း ၁၀၀၈ မှ တပ်ရင်းမှူး ဗိုလ်မှူး စောမောင်ဝင်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး နယ်စပ်တွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာများ၊ တခြားရာဇ၀တ်မှုများနှင့် တရားမ၀င် လူဝင်မှုပြဿနာများကို ပူးတွဲဖြေရှင်းရေး သဘောတူညီခဲ့ကြသည်။<span id="fullpost">
ဆွေးနွေးပွဲ တက်ရောက်လာသည့် ဗိုလ်မှူးကြီး စောချစ်သူက “ဒီနယ်စပ်ပြဿနာတွေကို ထိုင်းနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ ကျနော်တို့ဘက်က အရံသင့်ပါပဲ” ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။
သဘောတူညီချက်များအရ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် နှစ်ဖက်ရရှိထားသည့် သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်သွားမည့် အစီအစဉ်တရပ်လည်း ပါရှိကြောင်း သိရသည်။
ဆွေးနွေးမှုနှင့် ပတ်သက်၍ မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်က “နယ်စပ်မူးယစ်ဆေးဝါး ပြဿနာက ကြီးမားလာတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် တာ့ခ်ခရိုင်ဝန် နိုင်စာမတ်လွိုင်းဖာရဲ့ လမ်းညွှန်မှုနဲ့ ဒီကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် မဲဆောက်ဒေသအတွင်း အခြေစိုက် လှုပ်ရှားနေကြသည့် မြန်မာအတိုက်အခံ အဖွဲ့အစည်းများနှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးခြင်း မရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတဦးက ပြောသည်။
တာ့ခ်ခရိုင်အခြေစိုက် ထိုင်း ၀ါရင့်သတင်းထောက်တဦးက “ဒီဆွေးနွေးပွဲက နှစ်ဖက်အစိုးရသစ်တွေ အကြားမှာ အကောင်အထည်ဖော်မှာဖြစ်တော့ ထိုင်းဘက်ခြမ်းမှာ လုပ်ရှားနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေ အရင်လိုတော့ မလွယ်တော့ဘူးလို့ ထင်တယ်။ ဆွေးနွေးတဲ့အချက်တွေမှာ မပါပေမယ့် သူတို့လုပ်ငန်းစဉ်အဆင့်တွေက ထပ်လာဖို့ ရှိသေးတယ်။ အခု သူတို့ဆွေးနွေးတာက ပဏာမအဆင့်ပဲ ရှိသေးတယ်” ဟု သုံးသပ် ပြောဆိုသည်။
ထိုင်းနိုင်ငံ တာ့ခရိုင်တွင် မြို့နယ် ၆ မြို့နယ် ရှိသည့်အနက် အုန်းဖန်၊ ဖုပ္ဖရ၊ မဲဆောက်၊ မယ်လမတ်နှင့် ထာ့ဆောင်ရမ်း ၅ မြို့နယ်မှာ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စသည့်မြို့နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။
မဲဆောက်နှင့် ထိစပ်နေသည့် မြ၀တီခရိုင်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မူးယစ်ဆေးဝါး ဝင်ရောက်လာသည့် လမ်းကြောတခုဖြစ်သကဲ့သို့ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာသူများ၏ အဓိကလမ်းကြောတခုလည်းဖြစ်သည်ဟု တာ့ခ်ခရိုင် အာဏာပိုင်များက ပြောသည်။
http://www.irrawaddy.org/bur/index.php/news/7078-2011-08-16-12-32-07 </span>
16 August 2011
နယ်စပ်အရေး ကရင်နယ်ခြားစောင့်တပ်နှင့် ထိုင်းတို့ တွေ့ဆုံ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment