ကရင် အမျိုးသား အစည်း အရုံး (KNU) ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဖဒို မန်းငြိမ်းမောင် ကို
တရုတ် နိုင်ငံ ကူမင်း လေဆိပ် တွင် ဇူလိုင် လဆန်း က တရုတ် ရဲ နှင့် ထောက် လှမ်း ရေးများ က
ဖမ်းဆီး ပြီး မြန်မာ နိုင်ငံ ဘက် သို့  လွှဲပြောင်း ပေး လိုက် သည် ဟု တရုတ်-မြန်မာ နယ်စပ် သတင်း
ရပ် ကွက် များ မှ တစ်ဆင့် FNG မှ စုံစမ်း သိရှိ ရသည်။
ဖဒို မန်းငြိမ်းမောင် သည် ၁၉၆၀ ပြည့် လွန် နှစ် များ တွင် ကရင် လူငယ် လှုပ်ရှား မှု များ ကို ဦးဆောင်
ခဲ့၍ ဖမ်းဆီး ထိမ်းသိမ်း ခံရပြီး နာမည် ကျော် တစ်ကျွန်းစံ အကျဉ်းထောင် ဖြစ်သည့် ကိုကိုးကျွန်း သို့ 
ပို့ ဆောင် ခြင်း ခံ ခဲ့ ရသည်။

မြန်မာ စစ်တပ် နှင့် ကချင် လွတ်မြောက် ရေး တပ်မတော် (KIA) တိုက်ပွဲ များ ပြင်းထန် နေချိန်
ဖဒို မန်းငြိမ်းမောင် သည် တရုတ် ပြည် မှ တစ်ဆင့် ဆက် လက် ထွက် ခွာ မည့် ခရီး စဉ် တစ်ခု ကို
စောင့် ဆိုင်း နေခိုက် ဖမ်းဆီး ခံ ရခြင်း ဖြစ်သည်။
စာရေးဆရာ မြသန်းတင့် က ရုပ်ရှင် အဖြစ် ပြန်လည် ရိုက် ကူး ခဲ့ သည့် သူ၏ နာမည် ကျော် ဓား
တောင်ကို ကျော်၍ မီးပင်လယ် ကို ဖြတ် မည် ဆို သည့် ၀တ္ထု တွင် ပါဝင် သည့် အဓိက ဇာတ်ကောင်
အဖြစ် မန်းငြိမ်းမောင် မိုင် ၁၈၀ ကျော် ပင်လယ်ကို ဖြတ် ၍ ကိုကိုးကျွန်းမှ ထွက် ပြေး ပုံ ကို ဇာတ်
လမ်းယူ ထား ခြင်း ဖြစ်သည် ဟု စာရေးဆရာ က စာပေ ဟောပြော ပွဲ တစ်ခု တွင် ပြောကြား ခဲ့သည်။
KNU ခေါင်းဆောင် မန်းငြိမ်းမောင် အား ဖမ်းဆီး ထား သည် ကို မြန်မာ အစိုးရ ကလည်း သတင်း ထုတ်
ပြန် ခြင်း မရှိ ခဲ့ ဟု သိရသည်။
ဖဒို မန်းငြိမ်းမောင် အား တရုတ် က မြန်မာ ကို လွှဲ ပေး ခဲ့ခြင်း နှင့် ပတ် သက် ပြီး ၎င်း ၏ အဖွဲ့  အစည်း ဖြစ်
သည့် KNU က စုံစမ်း ဆဲ ဖြစ်သည်။
ဖဒို မန်းငြိမ်းမောင် သည် သူ၏ နိုင်ငံ ရေး သမား ဘ၀ နှင့် ကိုကိုးကျွန်း အတွေ့ အကြုံ တို့  ကို ရဲဘော် ရှောင်း
ဆို သည့် ကလောင် အမည် ဖြင့် စာ ပေ များ ရေးသား ခဲ့ သည်။
http://freedomnewsgroup.com
xxxxxxxxxxx
KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ
သန်းထိုက်ဦး Wednesday, 31 August 2011 13:43
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
မန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။
မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
KNU တာဝန်ရှိသူများကလည်း မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။
မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။
ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။
http://irrawaddy.org/bur/index.php/news/7191-knu-
31 August 2011
မန်းငြိမ်းမောင် ကို တရုတ် က မြန်မာ ကို လွှဲပေး
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment