ကရင်ပြည်သူတွေရဲ့ မျက်ဝန်းထဲမှာ ကြွေကွဲနေတဲ့
မျက်ရည်စက်တွေ ပြည့်နှက်လို့နေပြီ
ခဏလေးမဟုတ်တဲ့ ခွဲခွာမှုမျိုးက ဘာကြောင့်များ
အာဇာနည်နေ့ကိုကျရောက်တိုင်း
အာဇာနည်နေ့ကိုမေ့လို့မရကြတာလဲ
ကျရှုံးခြင်းရဲ့ အဆုံးမှာ
နာကျင်ခြင်း အမျိုးသားအရေးနဲ့
ဆီးကြိုနေလို့ပါ......။
ကရင်ပြည်သူတွေအတွက်
အာဇာနည်သူရဲကောင်း
ချက်မှတ်ထားခဲ့တဲ့
အမျိုးသားအရေးလမ်းစဉ်ကို
ဘုရင်တစ်ဆူလိုကိုးကွယ်ပြီး
ဦးထိပ်မှာတင် ပန်ဆင်ထားလျက်....။
မာနမျဉ်ပြိုင်နှစ်ခုရဲ့အလယ်မှာ
ကရင်ပြည်သူတွေ ဓားစာခံသက်သက်ပါလား....
ပြန်မဆုံနိုင်မှန်းသိနေရက်သားနဲ့
အမျိုးသားအရေး စိတ်ဓာတ်တွေကြောင့်
မျော်လင့်နေတာ
အာဇာနည်သူရဲကောင်း သိနိုင်ပါ့မလား.......။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို
မေ့ပစ်လို့မရတဲ့အတွက်
ခေတ္တခဏလောက်ပြန်လာပါလို့
ပြောလိုက်ပါရစေ.....
အာဇာနည်သူရဲကောင်းရေ......။
နန်းယမင်းဝေ







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment