http://kachinnews.com
ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတနေရမှာ နေရာယူထားသော ကေအိုင်အေ စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတမြန်မာအစိုးရစစ်တပ် သိမ်းပိုက်ထားသည့် ဘွမ်ဆဲန်တောင်ကို ပြန်တိုက်ယူရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ အဆင်သင့် ရှိနေသည်ဟု KIA တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။
“အဲဒီတောင်ကိုပေးလိုက်တာမဟုတ်ဘူး။ ခဏ ရှောင်ပေးထားတာပါ။ စစ်တိုက်တုန်းက ကျည်ဆံကုန်သွားလို့ လူအဆုံးရှုံးမခံနိုင်လို့ ခဏ ဆုတ်ပေးထားတာပါ။ ကျွန်တော်တို့ဘက်ကတော့ ခုတိုက်ရင် ရနိုင်တယ်။ ဒါပေမဲ့ အထက်လူကြီးတွေက အမိန့်မပေးသေးလို့ပါ။ နောက်ထပ်ဆွေးနွေးပွဲကို မြန်မာစစ်အစိုးရဘက်မှ အကြောင်းပြန် ကြားမှာကို စောင့်နေတာ။” ဟု တပ်ရင်း ၁၅ အရာရှိတစ်ဦးက ပြောသည်။
အင်အား ၄၀ ခန့်ရှိသော အစိုးရစစ်တပ်မှ ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ ယခုအချိန်ထိ ၎င်းတောင်ကို သိမ်းယူ ထားခြင်းဖြစ်သည်။ တာခေါ်ခမြစ် အထက်ဘက်ရှိ တာပိန်ရေကာတာ လုံခြုံရေးအတွက် သိမ်းယူလိုက် ခြင်းဖြစ်သည်ဟု KIA ဥက္ကဌနှင့် ရင်းနှီးသူတစ်ဦးက ဤကဲ့သို့ပြောပြပါသည်။
“စစ်ရေးအနေနဲ့ကြည့်မယ်ဆိုရင် အလွန်အရေးပါတဲ့ တောင်ဖြစ်ပြီး KIA ဌာနချုပ်နဲ့ တပ်မဟာ ၃ ကို ဆက်သွယ်ပေးတဲ့ နေရာဖြစ်ပါတယ်။ အဲဒီတောင်ကိုလက်လွတ်လိုက်မယ် ဆိုရင် မိုင်ဂျာယန်နဲ့ လိုင်ဇာလုံခြုံရေး အတွက်စိုးရိမ်ရတယ်။” ဟု ပြောသည်။
အစိုးရစစ်တပ်မှ ရှေ့တိုးနေရာမယူနိုင်အောင် KIA တပ်ဖွဲ့မှ ဘွန်ဆဲန်တောင် ပတ်ပတ်လည်ရှိတောင်များတွင် နေရာယူဝိုင်းထားခြင်းဖြစ်ပြီး မြန်မာစစ်တပ် ထပ်မံနယ်ကျွံပါက ပစ်ခတ်ဟန့်တားရန် အသင့်ရှိနေကြောင်းလည်း တပ်ရင်း ၁၅ အရာရှိကပြောသည်။
အပစ်ခတ်ရပ်စဲရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရတို့ ကြိုးစားနေချိန်မှာ ရှေ့တန်းစစ်မြေပြင်၌ တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည်။
10 July 2011
မြန်မာတပ်မှ ဘွမ်ဆဲန်တောင် ပြန်တိုက် ယူရန် KIA အသင့်ရှိ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment