(နိရဉ္စရာ)
ရန်ကုန်မြို့၌ လူစည်ကားရာ နေရာ တချို့တွင် ဗုံးဖေါက်ခွဲရေး သမားများအလိုရှိသည် ဆိုသော ကြော်ငြာ စာရွက်များကို အာဏာပိုင်များမှ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် လိုက်လံ ကပ်နေသည်ဟု မျက်မြင် လူငယ်တဦးက ပြောသည်။
"ဒီနေ့ ၁၂ နာခွဲလောက်မှာ ရန်ကုန်ဘူတာရုံးကြီးနဲ့ တခြားလူစည်ကားရာ နေရာတွေမှာ ကြော်ငြာ စာရွက်တွေ ကို စစ်သားနဲ့ ရဲသားတွေက လိုက်ကပ်နေပါတယ်။ အဲဒီကြော်ငြာထဲမှာ - ဗုံးဖေါက်ခွဲရေး သမားများ အလိုရှိ- ဆို ပြီး ပါပါတယ်" ဟု သူက ပြောသည်။
" ပီးတော့ ရုပ်ပုံ ၅ ပုံပါတယ်။ ကျွန်တော် မှတ်မိသလောက်တော့ ကချင် လူမျိုးပါတယ်။ ရှမ်းလူမျိုးပါ တယ်။ တရုပ်စပ် တယောက်နဲ့ တခြား တိုင်းရင်းသား ပုံတွေပါတယ်။ အဲဒီ ကြော်ငြာစာရွက်တွေကို အာဏာပိုင်တွေရှိ တဲ့ အတွက် မယူဖြစ်ခဲ့ဘူး။ ကြည့်ရုံသာ ကြည့်ခဲ့ရတာပါ" ဟု သူက ပြောသည်။
ယခုအခါ ရန်ကုန်မြို့တမြို့တည်းမက တခြားမြို့များတွင်လည်း ဗုံးဖေါက်ခွဲရေးသမားများ အလိုရှိသည် ဆိုသည့် ကြော်ငြာ စာရွက်များအား အာဏာပိုင်များမှ လိုက်လံကပ်နေမှုကြောင့် မြို့သူမြို့သားများမှာ ၄င်းတို့၏ လုံခြုံရေးအတွက် အထူးသတိထားပြီး သွားလာနေရ သည်ဟုသိရသည်။
"လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့မှာ ဆိုလို့ရှိရင် ဘူတာတွေနဲ့ တခြား လူစည်ကားတဲ့ နေရာတွေ၊ ကား ဂိတ်တွေမှာတော့ စစ်သားတွေ အများအပြား မြင်တွေ့နေရပါတယ်။ ဘာကြောင့် ဒီလောက် ချထားလဲဆိုတာတော့ မသိဘူး" ဟုသူကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းဒေသများတွင် လက်နက်ကိုင် ပတိပက္ခများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးခွဲမူများ တခုပြီး တခု ပေါ်ပေါက်နေရာ အဆိုပါ ဗုံးပေါက်ကွဲမူများတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသူများ၏ ရုပ်ပုံများ ဖြင့် ထိုသို့ ဗုံးခွဲသမားများ အလိုရှိသည်ဟု ဆိုကာ စာရွက်များ လိုက်ကပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကြေငြာ စာရွက်များ လိုက်ကပ်နေကြောင်းကို အဖွဲ့အစည်း တစ်ခုမှာ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment