| RFA |
| မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အစိုးရက တရားဝင်ဈေး ပြောင်းလဲ သတ်မှတ်မယ်လို့ သတင်းရရှိပါတယ်။ ကိုရီးယား ငွေလဲလှယ်ရေးဘဏ်တွင် အမေရိကန် ဒေါ်လာ ရာတန်အုပ်များကို ဘဏ်အမှုထမ်းတဦး ရေတွက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်တဲ့အခါ တည်ငြိမ်တဲ့ ငွေလဲနှုန်း သတ်မှတ်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပြည်ပ ပေးချေနေရတဲ့ ငွေကြေးစနစ် ခေတ်မီ တိုးတက်ဖို့ကိုလည်း ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့က ဆောင်ရွက်နေတယ် လို့လဲ ဆိုပါတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ အမေရိကန် (၁) ဒေါ်လာကို မြန်မာကျပ်ငွေ (၆) ကျပ်နဲ့ ညီမျှတယ်ဆိုပြီး ၁၉၇၅ ခုနှစ်က စလို့ အသေ သတ်မှတ် ထားတာပါ။ ဒါပေမဲ့ ပြင်ပ ပေါက်ဈေးမှာ (၇၈၀) ကနေ (၁၀၀၀) ကျပ် ဝန်းကျင်ထိ ရှိခဲ့ပါတယ်။ အခုလပိုင်းတွေမှာ ဆိုရင် အမေရိကန် ဒေါ်လာဈေးကျပြီး မြန်မာငွေဈေး တက်နေတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်တွေ အထိနာနေတယ်လို့ သိရပါတယ်။ |
28 July 2011
နိုင်ငံခြားငွေ လဲလှယ် နှုန်းပြောင်းဖို့ စီစဉ်နေ
Etiketter: RFA
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment