တိုင်းပြည်မရှိသော လူတစ်မျိုးသည် လူမျိုးကြီးတစ်မျိုး (Nation) ဟု
ကမ္ဘ္ဘာက အသိအမှတ်ပြုလိမ့်မည်မဟုတ်ခြေ။
အကြောင်းမှုကား ၄င်းလူမျိုးသည် ကိုယ့်မင်းကိုယ့်ချင်းနဲ့နေ
နိုင်ခွင့်မရဘဲ တပါးလူမျိုး၏လက်အောက်၌သာ နေထိုင်ကြရခြင်း
ကြောင့်ဖြစ်ပေသည်။ ပင်ကိုတိုင်းပြည်ရှိနှင့်သော လူတစ်မျိုးသည် ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော် မိမိတို့၏ညံ့ဖျင်းမှုကြောင့်သာ
လျှင်ဖြစ်ပြီး နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားများ၏ လက်အောက်ခံ
အဖြစ်ဖြင့်သာအောက်ကျနောက်ကျရှိကြရလေသည်။ သို့ရာတွင်
ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်မင်းကိုယ့်ချင်းနှင့်
ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သော
အစိုးရကိုရရန်အတွက် အင်တိုက်အားတုက်လုံးပန်းကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး (၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ တည်တံ့နိုင်မည်ဖြစ်ပေသည်။
( ၁ ) လူထူမေတ္တာ
( ၂ ) လူထု၏ကြည်ညိုခြင်း
( ၃ ) လုံခြုံမှုအတွက်စိတ်ချရခြင်း







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment