ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင်  ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရကြောင်း    သတင်းရသည်။

ကျောက်မဲမြို့ အဝင် မုခ်ဦး (ဓာတ်ပုံ - kyaukme.com)
“ညဆိုတော့ ပေါက်ကွဲသံ ကျယ်တယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ယောက်ကတော့ စိုးရိမ်ရတယ်ပြောတယ်” ဟု ဆိုသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာမြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။
ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရှိ သွားကြောင်း သိရသည်။
ပြီးခဲ့သည့် လကတည်းက ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့်မြို့ကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment