တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဘက်မှ ဗိုလ်မှူးစိုးနိုင် ကျဆုံးသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း DKBA နှင့် KNU က အတည်မပြုနိုင်သေးဟု ဆိုသည်။
ဇွန်လ ၂၉ ရက် ညကလည်း သံလွင်မြစ်အနောက်ဘက် ဖာပွန်မြို့နယ် ကမမောင်းရွာအနီး၌ အစိုးရတပ်များနှင့်
ဖြစ်ပွားရာ အရပ်သားတဦး သေဆုံးသည်ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။
“ သူပစ်ကိုယ်ပစ်လေ ဘယ်သူ့လက်နက်ထိတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု သူက ပြောသည်။
သောကြာနေ့တွင် တိုက်ပွဲများဆက်ဖြစ်သည်ဟု မကြားရသေးသော်လည်း နှစ်ဖက်တပ်စွဲထားပြီး တဖက်နှင့်တဖက် ခြေလျင်တနာရီအကွာ၌ ရင်ဆိုင်အနေအထားဖြင့် အသင့်ရှိနေကြသည်ဟု ဆိုသည်။
တိုက်ပွဲနေရာသည် သံလွင်အနောက်ခြမ်း သထုံ-ကမမောင်း-ဖာပွန် ကားလမ်း၊ အရှေ့ခြမ်း ဘားအံ-သခေါ့ဖိုး ကားလမ်းတို့နှင့် နီးပြီး KNLA ၏ ဘားအံခရိုင် တပ်မဟာ ၇၊ ဖာပွန်ခရိုင် တပ်မဟာ ၅၊ သထုံခရိုင် တပ်မဟာ ၁ စသည့် တပ်မဟာ ၃ ခု ဆက်စပ်နယ်မြေ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ၁ ဗိုလ်မှူးလှငွေက
ပြောပြသည်။
KNLA တပ်မဟာ ၅ နယ်မြေအတွင်း၌ အစိုးရနယ်မြေခံတပ်မ ၁ဝ၁ နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း ၁၁ ရင်း၊ တပ်မဟာ ၇ နယ်မြေအတွင်း၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ပေါင်း ၁၂ ရင်းခန့် လှုပ်ရှားနေကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


1 kommentarer:
မင်းတို့ အချင်းချင်း သတ်ကြလေ ငါတို့ ပျော်လေပေါ့ကွ ကရင်တွေအချင်းချင်းချကြပါ မင်းတို့ ငါတို့ဗမာလောက်ဥနောက်မရှိလို့ မင်းတို့ကို ငါတို့ခိုင်းနိုင်တယ်မှတ်ထား မင်းတို့ကို ငါတို့ဗမာတွေတက်တိုက်စရာမလိုပါဘူး
နော်ကဆိုမင်းတို့ ကရင်တွေ ကိုမျိုးပြုံးချမှာ
Post a Comment