ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်ကိုင်ဆောင်ထားသူများ ဇွန်လကုန် နောက်ဆုံးထားကာ နီးစပ်ရာ ရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် စရဖ ရုံးများသို့ လာရောက်အပ်နှံရန် မွန်ပြည်နယ် မြို့နယ်အချို့၌
ဒေသအာဏာပိုင်များက ညွှန်ကြားခဲ့သော်လည်း လာရောက်အပ်နှံသူ မရှိဟု စုံစမ်းသိရှိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် သံဖြူဇရပ် ရပ်ကွက်များနှင့် ကျေးရွာများ၌ အသံချဲ့စက်ဖြင့်လည်းကောင်း၊ စာကပ်၍လည်းကောင်း လိုက်လံညွှန်ကြားခဲ့ပြီး၊ မုဒုံမြို့နယ်နှင့် ကျိုက်မရော၌မူ စာကပ်ကာ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ သံဖြူဇရပ်ဘက်မှာ တယောက်မှ အပ်တာ မရှိဘူး။ မုဒုံဘက်၊ ကျိုက်မရောဘက်လည်း ကျနော် စုံစမ်းတယ်။ အတူတူပဲ၊ တယောက်မှ မအပ်ဘူး” ဟု သံဖြူဇရပ် စရဖနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။
သံဖြူဇရပ် စရဖရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်နက်အပ်ရန် ညွှန်ကြားထားသည်မှာ ဟုတ်မှန်ကြောင်းသာ ပြောပြီး လက်နက်အပ်သူများအကြောင်းနှင့် ပတ်သက်ပြီး အသေးစိတ် ဖြေကြားရန် ရုံးတာဝန်ကျက ငြင်းဆန်သည်။
ညွှန်ကြားချက် ထုတ်ပြီးနောက် ဇွန် ၂၉ ရက် မနက် ၁၂ နာရီခွဲတွင် သံဖြူဇရပ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်း
အတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်။ သို့သော် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
ယင်းနေ့ မနက် ၉ နာရီခန့်တွင်လည်း သံဖြူဇရပ်တောင်ဘက် ၁၅ မိုင်အကွာ ရေးမြို့နယ်အပိုင် သာယာအေးရွာ အနီး၌ အမည်မသိ သေနတ်သမားများက ခရီးသည်တင် မှန်လုံကားနှစ်စီးအား မီးတင်ရှို့ကာ၊ ကားသမား ၆ ဦးကို ပြန်ပေးဆွဲသွားခဲ့သေးသည်။
ထိုဖြစ်ရပ်များမှာ လက်နက်အပ်ခိုင်းသည်ကို မကျေနပ်သည့် လက်နက်ကိုင် အဖွဲ့တခု၏ တန်ပြန်လုပ်ရပ်တခုဟု မွန်ပြည်သစ်ပါတီ NMSP နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ခန့်မှန်းသည်။ သို့သော် ၎င်းတို့အဖွဲ့၏ လုပ်ရပ် မဟုတ်ဟုလည်း ငြင်းဆိုသည်။
၎င်းမြို့နယ်များရှိ ရွာအချို့၌ လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ MPDF သာမက ဟောင်သရော ကရင် ငြိမ်းချမ်းရေးအဖွဲ့ KPF ၊ နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်အချို့နှင့် NMSP ပါတီဝင်အချို့ လက်နက်ကိုင်လှုပ်ရှားနေသည်။
2 July 2011
သတင်း မွန်တွင် လက်နက်အပ်သူ မရှိ မွန်တွင် လက်နက်အပ်သူ မရှိ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment