
လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီသည် မြို့တော် ထရီပိုလီရှိ ၎င်း၏စစ်သားများနှင့် အရပ်သားများ အတွက် လောင်စာမှာ တစ်ဖြည်းဖြည်း လျော့နည်းလာနေပြီး တပ်ဖွဲ့ဝင်များကို ပေးရန် အစိုးရငွေမှာလည်း ကုန်ခန်းနေပြီ
ဖြစ်ကြောင်း နောက်ဆုံးရ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာများက ဖော်ပြသည်။
ယင်းအချိန်တွင် နေတိုး အဖွဲ့ဝင်များနှင့် ညှိနှိုင်းနေသော ကဒါဖီ သံတမန်များက ကဒါဖီသည် ရာထူးမှ ဆင်းပေးရန် အသင့် ဖြစ်နေပြီဟု ပြောကြားခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အယ်လိန်းဂျူပီက ထုတ်ပြန်
ပြောကြားခဲ့သည်။ ''သံတမန်တွေက ပြောတာတော့ ကဒါဖီက ထွက်ခွာဖို့ အသင့် ဖြစ်နေပြီတဲ့။ ဒီအကြောင်းကို ဆွေးနွေးနိုင်ပါတယ်တဲ့။ အဓိက က ဘယ်အချိန်မှာ ဘယ်လို ခွာမလဲ ဆိုတာပါ။ အဆက်အသွယ်က အကုန် ရှိနေပါတယ်။
လစ်ဗျား အစိုးရဟာ တူရကီ၊ နယူးယောက်၊ ပါရီတို့မှာ သံတမန်တွေ လွှတ်ထားပါတယ်။ အခုထိကတော့ ဆက်သွယ်မှုမျိုးပဲ ရှိသေးပြီး တွေ့ဆုံ ညှိနှိုင်းတဲ့ အဆင့် မဟုတ်သေးပါဘူး''ဟု အယ်လိန်းဂျူပီက ပြောကြားခဲ့သည်။
တော်လှန်ရေး တပ်ဖွဲ့များသည် လစ်ဗျားအနောက်ပိုင်း နာဖူဆာ တောင်တန်းများမှ နာလွတ်နှင့် ကီကလာ မြို့များကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် လစ်ဗျား အစိုးရ၏ အယ်လ်ဇ၀ီယာမြို့မှ အဓိက ရေနံသန့်စင် စက်ရုံများသို့ ပေးပို့သော ရေနံ ပိုက်လိုင်းကို ဖြတ်တောက်နိုင်ခဲ့သည်။ အမေရိကန် ထောက်လှမ်းရေး ခန့်မှန်းချက်များ အရ ကဒါဖီသည် တစ်လအတွင်း လောင်စာကုန်တော့မည်ဟု ဆိုသည်။ ပြီးခဲ့သည့် အပတ်က တူရကီ အစိုးရသည် အာရပ်တူရကီဘဏ်တွင် ကဒါဖီ အပ်ထားသော ဒေါ်လာ သန်းရာပေါင်းများစွာကို ထိန်းချုပ်လိုက်ပြီးနောက် ကဒါဖီ ငွေပြတ်သွားခဲ့ပြီ ဖြစ်ကြောင်း အမည် မဖော်လိုသော အမေရိကန် ထောက်လှမ်းရေး အရာရှိများက အေပီသို့ ပြောကြားခဲ့သည်။
တော်လှန်ရေးသမားများ ဘက်တွင်လည်း ထောက်ပံ့ရေး ပြဿနာများ ရင်ဆိုင်နေရပြီး လက်ရှိ ထိန်းချုပ်ထားနိုင်သော နယ်မြေများ ဆက်ထိန်းထားနိုင်ရေး အဓိက လုပ်နေရသောကြောင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုတွင် အခက်အခဲ ရှိနေသည်ဟု သိရသည်။ လစ်ဗျား ရေလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းမှာ တောင်ဘက် သဲကန္တာရမှ ထုတ်လုပ်ရပြီး လစ်ဗျား တော်လှန်ရေး သမားများ၏ ဗဟိုချက် အရှေ့ဖျားမှ အဓိက ရေစက်ကြီးများ ပျက်စီးနေသောကြောင့် ရေအခက်အခဲကို ရင်ဆိုင်ရနိုင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment