မြဝတီမြို့တွင် ဗုံးတလုံး ပေါက်ကွဲပြီးနောက် ကရင် အမျိုးသား အစည်းရုံးနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များနှင့် မြို့စောင့် အစိုးရတပ်များ တနင်္ဂနွေနေ့ညတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။
ကရင်ပြည်နယ် မြဝတီမြို့အထွက် ကော့ကရိတ်ဘက် အသွားလမ်းပေါ်တွင် ထိုင်းစံတော်ချိန် ည ၈ နာရီခွဲခန့်က စတင်ဖြစ်ပွားသော တိုက်ပွဲများသည် ယခုသတင်း ပေးပို့ချိန် ၉ နာရီ ၅ မိနစ်အထိ ဖြစ်ပွားနေသည်ဟု DKBA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲ စတင်မဖြစ်မီ ၅ မိနစ်ခန့်အလိုက မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး နောက်ဘက်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်၊ အသေအပျောက် မရှိဟု ဒေသခံ တဦးက ပြောသည်။ အစိုးရ စစ်တပ်မှ အင်အား ၃ဝ ခန့်လည်း ယခုအချိန်တွင် ထိုရုံးကို လုံခြုံရေး ယူထားသည်ဟု ထိုမြို့ခံက ဆက်ပြောသည်။
မဇ္ဈိမသတင်းဌာနမှကူးယူဖေါ်ပြသည်။
10 July 2011
မြဝတီ တိုက်ပွဲဖြစ် ဗုံးကွဲ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment