Written by နော်နိုရင်း DVB

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအခြေစိုက် ဒီကေဘီအေတပ်စခန်းကို နယ်ခြားစောင့်တပ်နဲ့အစိုးရတပ်တို့ ပူးပေါင်းပြီး ထိုးစစ်စဉ်ခဲ့ပါတယ်။
မ နေ့ကစပြီး မြိုင်ကြီးငူရဲ့အရှေ့ဘက် ၅ မိုင်အကွာ ဝါကလယ်တောင်မှာ ရှိတဲ့ ဒီကေဘီအေ တပ်စခန်းကို ဗိုလ်ချုပ်ဖားနွံဦးဆောင်တဲ့ နယ်ခြားစောင်တပ်နဲ့ အစိုးရတပ် ပူးပေါင်းအင်အား ၁၀၀ ကျော်က ထိုးစစ်ဆင်တာဖြစ်ပါတယ်။
မ နေ့ ညနေ ၄ နာရီကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒီနေ့ နေ့ခင်းအထိ ကြိုးကြားကြိုးကြား လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ မြိုင်ကြီးငူ ဒေသခံတဦးက ပြောပါတယ်။
“မ နေ့ညနေ ၄ နာရီလောက်မှာ ဒီကေဘီအေ နေရာယူထားတဲ့ ဝါကလယ်တောင်မှာ ဘီဒီအက်ဖ်အဖွဲ့က ဦးဖားနွံဦးဆောင်တဲ့ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ အခု လောလောဆယ် သူတို့ ပစ်တုန်းပဲ။ ဒါပေမယ့် လက်နက်ကြီးတော့ မပါတော့ဘူး အခု လက်နက်ငယ်။ မြိုင်ကြီးငူ ဒီဘက် ၅ မိုင်လောက် အကွာမှာ နှုတ်ခမ်းမွေးတပ်က မဟုတ်ဘူးလေ၊ စိုးစိုးတို့ အဖွဲ့က။ အဲဒီမှာ သူတို့ နေရာယူထားတယ်လေ ဝါကလယ်တောင်မှာ။ အဲဒါ အခု သူတို့က စခန်းတက်ရှင်းတာပေါ့။ စစ်တပ်နဲ့ ဘီဒီအက်ဖ် ပေါင်းပြီးတော့ ဝါကလယ်စခန်းကို တက်တယ်။”
အဆိုပါ ဝါကလယ်တောင်မှာ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ခဲ့တဲ့ ဗိုလ်မှူးကြီူး ပိုဘိရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ အခြေချထားတဲ့နေရာဖြစ်ပါတယ်။
ပြီး ခဲ့တဲ့ မေလကုန်ပိုင်းက မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူးကြီး ပိုဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ မြိုင်ကြီးငူဒေသကို တပ်အင် အားနဲ့ဝိုင်းခဲ့ပြီး ဇွန်လလယ်ပိုင်းကစပြီး မြိုင်ကြီးငူရှိ နယ်ခြားစောင့်တပ်အားလုံး ဒီကေဘီအေတံဆိပ် ပြန်လည်တပ်ဆင်ခဲ့ပါတယ်။
မြိုင်ကြီး ငူမှာရှိတဲ့ နယ်ခြားစောင်တပ်တွေ ဒီကေဘီအေ တံဆိပ်ပြန်တပ်ပြီး နယ်ခြားစောင့်လက်မခံခဲ့တဲ့ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်အဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီး နောက်ပိုင်း သူတို့ကို ထိုးစစ်ဆင်ဖို့ အစိုးရတပ်က စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါ့ အပြင် ကျန်ရှိနေတဲ့ နယ်ခြားစောင်တပ်တွေကလည်း အစိုးရတပ်နဲ့အတူ ပူးပေါင်းထိုးစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ပြီး မနေ့ကတော့ စတင်ပြစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အလား တူ မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ၃ မိုင်လောက်ကွာမှာရှိတဲ့ ဒီကေဘီအေ အခြေချစခန်းကိုလည်း အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၁၀ ဦးထက်မနည်း ကျဆုံးတယ်လို့လည်း သိရပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment