27 July 2011
တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ
http://www.9dblood.co.
တပ်တွင်းမိသားစု စားနပ် ရိက္ခာ ဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်း စစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့် စစ်အုပ်စုထိပ် ပိုင်းခေါင်း ဆောင်များအတွင်း သဘောထား မတိုက်ဆိုင်မှုများ ပိုမိုကြီးထွား လာကြောင်း တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိ ပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်း ရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။
တပ်တွင်း စားနပ်ရိက္ခာ ဖြတ်တောက် ခံရမှုကြောင့် အမှတ် ၁ အထူး စစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး
မြင့်စိုး အပါအဝင် အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ် အဆင့်အထိ အရာရှိပေါင်း ၂၀၀ ကျော် နှုတ် ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ်ဦးသိန်းစိန်က ရှေ့တန်း စစ်မျက်နှာဖွင့်မှု
အားလုံး ရပ်ဆိုင်း ရမည်ဟု ဆို၏။
သို့သော် ဒုသမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့က တိုင်းရင်းသားများအား ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်ဆိုင်း၍ မဖြစ်နိုင်ကြောင်း၊ သျှမ်းတပ် နယ်မြေ အားလုံးကို သိမ်းပိုက်နိုင်မှသာ ဝ တပ်ဖွဲ့ကို တိုက်ခိုက်ရန် လွယ်ကူမည်ဖြစ်ကြောင်း၊ တပ်တွင်းစား ဝတ် နေရေး ပြဿနာ အတွက် တရုတ်ထံမှ ချေးငွေရလာ ပါက အားလုံး ပြေလည်သွားမည် ဖြစ်ကြောင်း - အချင်းချင်း အချေအတင် ငြင်းခုံ ကြသည်ဟုဆို၏။
ယခုကဲ့သို့ သမ္မတနှင့် ဒုသမ္မတအကြား မပြေလည်မှုကြောင့် အနားယူနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
က ကြားဝင် အဆုံးအဖြတ်ပေးရကြောင်း၊ ၎င်းက “ ယခုအခြေအနေ၌ လက်ရှိသမ္မတနှင့်ဒုသမ္မတတို့
သူ့နေရာ သူဆက်ရှိသင့်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုကို ဦးစားပေးသင့်ကြောင်း”ညွှန်ကြားခဲ့ သည်ဟုအဆို ပါ ပုဂ္ဂိုလ်ကပြောပြသည်။
“သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ကို သိမ်းပိုက်ဖို့ - အဲဒါတွေနဲ့လဲဆိုင်တယ်။ တိုင်းချုပ်အောင် သန်းထွဋ် အမိန့် အရဆို ၇ ရက်အတွင်း အပြီး တိုက်ရမှာ။ အခုက ၃-၄ ရက်တောင်လွန်လာပြီ။ ရပခ၊
ရမခ၊ ရလခ လက်အောက်ခံ ဘယ် တပ်ရင်းတပ်ဖွဲ့မှ ရှေ့တိုး မတိုက်ဘူး။ တပ်တွင်း၊အစိုးရသစ်အတွင်း
အကွဲ အပြဲတွေ ကြောင့် စစ်ရေးအမိန့်အာဏာ မထိ ရောက်တာလဲ ဖြစ်နိုင်တယ်” - ဟု သျှမ်းခေါင်း
ဆာင် တဦးက လဲ ပြောပါ သည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်အုပ်စုထိပ်တန်း အကွဲအပြဲ သတင်းနှင့်ပတ်သက်၍ ၎င်းတို့ ရထားသောအချက်အလက်နှင့် ကွင်းဆက်ချိတ်မိကြောင်း
ဆို၏။
Etiketter: news
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment