ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ လျှပ်စစ်မီးပူနဲ့ ထိုးတာအပါအဝင် အပြင်းအထန် နှိပ်စက်ခံရပြီး ဒဏ်ရာတွေနဲ့ ဆေးရုံတက်ရတဲ့ ကိုးနှစ်အရွယ် မိဘမဲ့ ကလေးငယ်လေးဟာ ဆေးဖိုးမတတ်နိုင်လို့ ဟင်္သာတဆေးရုံက ဆင်းခဲ့ရပါတယ်။ဟင်္သာတမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ကလေးရဲ့ အခက်အခဲကို ဝင်ရောက် မဖြေရှင်းပေးသေးသလို ရှေ့နေမရှိသေးဘူးလို့ နယ်မြေအခြေစိုက် လူ့အခွင့်အရေးသမားတွေက ပြောပါတယ်။


ဟင်္သာတမြို့ က You & Me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ၉ နှစ်အရွယ် မိဘမဲ့လေး မောင်ထိပ်ကွက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက ဆိုင်ရှင်သမက် ကိုစနိုးက ရိုက်နှက်ပြီး လျှပ်စစ်မီးပူနဲ့ ပေါင်၊ ကျောနဲ့ ဗိုက်တွေကို ထိုးတဲ့အတွက် ဒဏ်ရာအပြင်းအထန်ရပြီး ဟင်္သာတ ဆေးရုံမှာ တက်ကုရတာပါ။
က လေးရဲ့ ဒဏ်ရာ မပျောက်သေးပေမယ့် ဆေးဖိုးမတတ်နိုင်လို့ ဆေးရုံက အခုလ ၃ ရက်နေ့က ဆင်းခဲ့ရပါတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ခုလို ပြောပါတယ်။
“ ဆွေနီး မျိုးစပ်တော်တဲ့ အဒေါ်အိမ်မှာ လိုက်နေရတယ်။ ပိုဆိုးတာက အနာမကျက်သေးဘဲနဲ့ ဆေးရုံအုပ်ကြီးက ဆင်းလို့ ရပြီဆိုတော့ သူတို့ကလည်း ဆက်နေဖို့ ရပ်တည်ဖို့ ရှိပုံ မပေါ်ပါဘူး။ ဆေးရုံကလည်း အခမဲ့ ကြည့်မပေးတော့ဘူး၊ ဗမာပြည်ဆေးရုံထုံးစံကတော့။ ရပ်မိရပ်ဖတွေက ငွေကြေးမပြောနဲ့ မုန့်စားဖို့တောင် ဘယ်သူမှ သွားမပေးဘူး။”
ပထမပိုင်း တုန်းက ကျူးလွန်သူဘက်က ဆေးဖိုးဝါးခ လိုက်ပါကူညီပေးပေမယ့် နောက်ပိုင်းမှာ ထောင်သွင်းချုပ်နှောင်ပြီး အာမခံမရတဲ့ နောက်ပိုင်းမှာ မကူညီတော့တာကြောင့် ဆေးဖိုးမတတ်နိုင်ဘဲ ဆေးရုံက ဆင်းခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်က တော့ မောင်ထိပ်ကွက်က ခွေးကို ရိုက်လို့ဆိုပြီး ဆိုင်ရှင် သမက် ကိုစနိုးက လျှပ်စစ်မီးပူတဲ့ ကျောကုန်း၊ ပေါင်၊ ဗိုက်နဲ့ လက်မှာ ထိုးလို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အမှုကို ဒီကနေ့ ဟင်္သာတတရားရုံးမှာ စစ်ပါတယ်။
မြို့နယ်တရားသူကြီး ဦးသက်ထွန်းက တရားလိုပြသက်သေတွေကို စစ်ပါတယ်။
က လေးထွက် ပြေးတာကို လက်ခံတဲ့အိမ်က သက်သေနဲ့ ဆေးရုံလိုက်ပို့သူတွေကို စစ်ပါတယ်။ ဒီကလေးဘက်က လိုက်ပါဆောင်ရွက်ရမယ့် ရှေ့နေ တဦးမှ မပေါ်လာသေးပါဘူ။
ဒီက နေ့ တရားရုံးမှာ ထွက်ဆိုတဲ့ ကလေးဘက်က သက်သေ မအေးအေးစိုးကို မေးမြန်းရာမှာ အဲဒီနေ့တုန်းက သူအလုပ်ကအပြန် ထမင်းဆိုင်မှာစားနေတုန်း အမှောင်ထဲမှာ တုန်ရီနေတဲ့ ဒဏ်ရာအများကြီးနဲ့ ကလေးကို သနားလို့ အိမ်ကိုခေါ်ပြီး မေးမြန်းရာမှ သိသမျှကို ထွက်ဆိုခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီ တော့ စနိုးက သူကို့ မီးပူနဲ့ ထိုးတယ်တဲ့။ ပေါင်ကို အရင်ထိုးတာတဲ့၊ ပေါင်မှာလည်း မီးပူရာ တွေ့ရတယ်။ နောက်ပြီး ကျောကုန်းကိုလည်း ထိုးထားတဲ့ အရာတွေ တွေ့ရတယ်။ နောက်ပြီးတော့ လက်မှာလည်း အစက်ကလေးတွေ တွေ့လို့မေးတော့ ပလတ်စတစ်ကို မီးရှို့ပြီးတော့ သူ့လက်ကို အစက်နဲ့ ချတာတဲ့။ သားကတဲ့… သူ့ကို ရေစာလို့ တောင်းလည်းတောင်းရော မင်းကို ရေတော့ မတိုက်ဘူးဆိုပြီးတော့ သေးပဲတိုက်မယ် ဆိုပြီးတော့ သေးပေါက်ပြီးတော့ သူ့ပါစပ်ထဲ ထည့်တယ်တဲ့။ အဲဒါ ရေစာတော့ မျိုချလိုက်ရတယ်တဲ့။ ညနေစောင်းလောက် ဗိုက်စာလို့ ထမင်းတောင်းတော့ ခွေးချေးခြောက်တွေ ယူပြီးတော့ ကြွပ်ကြွပ်အိတ်နဲ့ သူ့ပါးစပ်ထဲ ထည့်ပြီးတော့ အဝတ်စနဲ့ ဆို့ထားတယ်တဲ့။ သူ့မိန်းမလည်း ပါတယ်တဲ့။ သူ့မိန်းမက သူ့ကို ကြိုးနဲ့ တုပ်ပြီးတော့ ရိုက်တယ်တဲ့။”
ဒီက နေ့ထိ တရားခွင်မှာ ကလေးဘက်က ရှေ့နေလိုက်ပေးမယ့်သူ မရှိဖြစ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးလုပ်ဆောင်နေတဲ့ ရှေ့နေကွန်ရက်ထံက အကူအညီရရှိရေးကို ဒေသခံတွေက ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။
လူမမယ်က လေး ငယ်ကို အပြင်းအထန်နှိပ်စက်ကလူပြုပေမယ့် ရဲက သာမန်နာကျင်စေမှုနဲ့သာ ဖွင့်ခဲ့တဲ့အတွက် ဒေသခံတွေမကျေနပ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပြောင်းလဲပြီး အာမခံမပေးတော့ဘဲ ထောင်ချုပ်မှာ ချုပ်ထားပါတယ်။
ဒီက နေ့ နောက်ဆုံးအခြေအနေအရ ကျူးလွန်သူဘက်က ဒီအမှုကျေအေးအောင် ကျပ်ငွေ ငါးသိန်းနဲ့ အမှုပိတ်ဖို့ ကြိုးပမ်းနေသလို ခိုကိုးရာမဲ့ မိဘမဲ့ကလေးငယ်ဘက်က ကျေအေးရမယ့် အခြေအနေ ဆိုက်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူက ပြောပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment