ဘီဘီစီ သတင်းဌာန
ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသမှာ ကရင် နယ်ခြားစောင့်တပ် အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်ရင်း ၄ ရင်းဟာ၊ DKBA တပ်ဖွဲ့တွေ အဖြစ် ပြည်လည် ခံယူပြီး၊ မြိုင်ကြီးငူဒေသကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ကြတဲ့ DKBAတွေ ဖြစ်ကြပါတယ်။
အဲဒီ အတွက်ကြောင့် အစိုးရရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်တွေက အဲဒီဒေသကို ပြန်သိမ်းယူဖို့ မြိုင်ကြီးငူ ဘက်ကို သွားနေကြပြီ ဖြစ်လို့ တိုက်ပွဲတွေ ဖြစ်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
အခုဆိုရင် အစိုးရတပ်ဖွဲ့တွေဟာ လှိုင်းဘွဲ့ဒေသအထိ ရောက်ရှိလာနေကြပြီလို့ အဲဒီက ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။
DKBA တွေကို ဦးဆောင်မှုပေးနေတယ်လို့ လူသိများတဲ့ ဆရာတော်ဦးသုဇနရဲ့ အမိန့်နဲ့ အဲဒီ နယ်ခြားစောင့်တပ်တွေက DKBA ပြန်လုပ်လိုက်တာလို့ DKBA နဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တခြား DKBA ခေါင်ဆောင်ဟောင်း တဦးဖြစ်သူ ဗိုလ်ချစ်သူကို မြိုင်ကြီးငူ လွှတ်ပြီး ဆရာတော်ကို ဖျောင်းဖျခိုင်းတာလည်း မအောင်မမြင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ကိုယ်တိုင် ဘားအံက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဆီသွားပြီး၊ နယ်ခြားစောင့် တပ်တွေ အားလုံးကို DKBA အဖြစ် ပြန်လည် ရပ်တည်ခွင့်ပေးဖို့နဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းဖို့ လက်မခံတဲ့ DKBA တွေကို အစိုးရက လိုက်လံ တိုက်ခိုက် နေတာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရာ အစိုးရဘက်က လက်မခံဘူးလို့ သိရပါတယ်။
အာဏာပိုင်တွေဘက်က ဆရာတော်ကို ပြန်လျှောက်ထားတာ ကတော့ ဒီနေ့ ဇွန်လ ၁၈ ရက် နေ့ နောက်ဆုံးထားပြီး၊ DKBA စစ်ဝတ်စုံ ဝတ်ထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၄ ရင်း ဟာ ပုံမှန်အတိုင်း ပြန်နေရမယ် ဆိုတာပဲ ဖြစ်ပါတယ်။
19 June 2011
နယ်ခြားစောင့်တပ်တွေ DKBA အဖြစ် ပြန်ခံယူ
Etiketter: bbc new
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment