ဇာနည်မာန်
ရန်ကုန်မြို့တွင် ကျောင်းတက်ရန် ရောက်လာသော ကချင်တိုင်းရင်းသား လူငယ်များကို သန်လျင်မြို့နယ် အုပ်ချုပ်ရေးရုံးက နေထိုင်ခွင့်မပေးတော့ဘဲ ချက်ချင်းပြောင်းရန်နှင့် မပြောင်းပါက ဖမ်းဆီးမည်ဟု ဖိအားပေးနေကြောင်း သတင်းရရှိသည်။
အဆိုပါ လူငယ်များသည် ရန်ကုန်မြို့တွင် ကျောင်းတက်ရန်အတွက် ဇွန်လဆန်းပိုင်းက ရောက်လာပြီး သန်လျင်မြို့အေး သာယာရပ်ကွက် ဗိုလ်ချုပ်ကျေးရွာရှိ ကချင်အမျိုးသားတဦး ပိုင်သောအိမ်တွင် တည်းခိုနေထိုင်နေကြခြင်းဖြစ်သည်။
“ကျမတို့က ဒီကလေးတွေကို ဧည့်သည်အဖြစ်နေဖို့ ၈ ရက်နေ့ကတည်းက ဥပဒေအတိုင်း အကြောင်းကြားထားတာ။ ၁၃ ရက် နေ့ကျတော့ အုပ်ချုပ်ရေးမှူးက နေခွင့်မပေးနိုင်ဘူးပြောတာ။ ရဲတွေက နေ့လယ် ၁၂ နာရီမှာ မနေနဲ့ တော့လို့ လာပြော တယ်”ဟု ၎င်းလူငယ်များကို ကူညီပေးနေသော ရှေ့နေ ဒေါ်ဘောက်ဂျာ က ပြောသည်။
ကလေးငယ်များနှင့် ချက်ပြုတ်ကျွေးမွေးမည့် သူများ အပါအ၀င် အဆိုပါ ၂၃ ဦးတို့ကို နေအိမ်မှ ယနေ့ညနေ ၆ နာရီတွင် ချက် ချင်းရွှေ့ပြောင်းပေးရန်၊ မပြောင်းရွှေ့ပါက ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ၎င်းက ဆိုသည်။
“ဘာလို့ နေခွင့်မပေးလည်းလို့ မေးတော့ သေသေချာချာမပြောဘူး။ ချင်းဖြစ်ဖြစ် ကချင်ဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေပဲ၊ နေခွင့် ရရမှာပေါ့။ ခရစ်ယာန်ဖြစ်လို့ ဘုရားရှိခိုးတယ်ဆိုလည်း ဘာဖြစ်လဲ။ အခုက ဘာသာရေးလွတ်လပ်ခွင့်မရှိသလိုလည်း ဖြစ်နေ တယ်။ တိုင်းရုံးမှာ ဧည့်စာရင်းသွားတိုင်ပါလို့ ပြောတယ်”ဟုလည်း ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။
ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ နေထိုင်လျက်ရှိသည်။
ကချင်ကျောင်းသားများကို နေထိုင်ခွင့်မပေးသည့်အကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှ အကြောင်းပြချက် စာရေးပေးရန် ကူညီသူများက တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ယင်းကိစ္စကို အထက်ရုံးများနှင့် နိုင်ငံတော်သမ္မတ အဆင့်အထိ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကချင်လူငယ်များကို သက်ဆိုင်ရာ အာဏာပိုင်များက နေထိုင်ခွင့် ဧည့်စာရင်းမပေးဘဲ ဖိအားပေးမှုသည် လတ် တလော၌ ကချင်ပြည်နယ်တွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ယမန်နေ့ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ နမ်ဖတ်ခချောင်းကူး တံတားကို KIA တပ်ဖွဲ့ ၀င်များက ဗုံး ခွဲ ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး တင်းမာ ခဲ့ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့သည်။
15 June 2011
ရန်ကုန်တွင် ကချင် ကျောင်းသားများ နေခွင့်မပေးတော့
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment