လိုင်ဇာမြို့သို့ သွားရာလမ်း စစ်ဆေးရေးဂိတ်တခုတွင် တာဝန်ကျ KIA အမျိုးသမီး စစ်သည်များအား တွေ့ရစဉ် (ဓာတ်ပုံ - Jonh San၂ ပတ်ကျော်ကြာ ဖြစ်ပွားသည့် ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁၆၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းထားကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဆိုသည်။
“မိုးကာတဲလေးတွေ အကူအညီ ရခဲ့ရင် အခု ရောက်လာတဲ့ ဒုက္ခသည်ကို နေရာချပြီးတော့ မိသားစုအလိုက် ဖြစ်ဖြစ် ခွဲလိုက်လို့ ရတယ်၊ အခု အဲဒီလို မဟုတ်ဘဲနဲ့ ခန်းမကြီးထဲမှာ အားလုံးက လူ ငါးရာ၊ ခြောက်ရာလောက် စုနေကြတော့ ရေရှည် စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ရှင်းပြသည်။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့များက ဒုက္ခသည်များအရေး ဆောင်ရွက်ပေးရန် ဆက်သွယ် ကမ်းလှမ်းလာခြင်း မရှိသေးဟု ဆိုသည်။
ဒုက္ခသည်များ နေထိုင်ရေးအတွက် သစ်၊ ၀ါး ခုတ်ပြီး အဆောက်အအုံ ဆောက်လုပ်ရေးမှာလည်း ကချင်ပြည်နယ်အတွင်း စစ်ရေး ဆက်လက် တင်းမာနေခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့် အခက်ကြုံနေရသည်ဟု ဆိုသည်။
KIO ၏ စစ်ရေးအဖွဲ့ ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ ယနေ့ တိုက်ပွဲဖြစ်ပွားမှု ရှိမရှိ မသိရသေးပေ။
ကချင်ပြည်နယ်သည် "မူလ အခြေအနေ နီးပါး တည်ငြိမ် အေးချမ်းမှု အနေအထားများ" သို့ ရောက်ရှိနေပြီဟု သောကြောနေ့ကပြုလုပ်သည့် အစည်းအဝေး တခုတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။
သို့သော်လည်း KIA ထိန်းချုပ်ရာ ဒေသသို့ ဒုက္ခသည်များ နေ့စဉ် ရောက်ရှိနေကြောင်း၊ ရိက္ခာ နှင့် ဆေးဝါး တချို့ ထောက်ပံ့ပေးထားကြောင်း ဦးလနန်က ပြောသည်။
“ရေရှည်မှာ ဒုက္ခသည်တွေ အဲဒီလို တိုးလာမယ် ဆိုရင်တော့ ကျနော်တို့ အဖွဲ့အစည်း တခုတည်း ပံ့ပိုးရတာကတော့ ဒုက္ခ အများကြီး ဖြစ်သွားနိုင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။
ရာသီဥတု နှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် စစ်ပြေး ဒုက္ခသည်များကြားတွင် ငှက်ဖျားရောဂါ နှင့် ၀မ်းရောဂါ ဖြစ်ပွားမှုများ ပေါ်ပေါက်လာဖွယ် ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင် သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။
စစ်ပြေး ဒုက္ခသည်များသည် မိုးမောက်မြို့ ဒေသခံများ၊ လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမ တလျှောက်မှ ဒေသခံများ ဖြစ်သည်ဟု သိရသည်။
ယခုလ ၉ ရက်နေ့က စတင်၍ KIA တပ်ဖွဲ့များ နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၁၉၉၄ ခုနှစ်တွင် သဘောတူခဲ့သော အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်သွားသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment