နောက် 48 Hours အတွင်း ရခိုင်ပြည်၊ မန္တလေး၊ ရှမ်းပြည် ရန်ကုန်၊ နေပြည်တော်ကို Bijli မုန်တိုင်း oင်ရောက်ပါမည်။ ဆက်လက် Forward လုပ်ပေးပါ ဘင်္ဂလားပင်လယ်အော်မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ (Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကို ဖြတ်ကျော် ၀င်ရောက် တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက် တိုက်ခိုက်လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်း ဖြင့် စနေနေ့မှာ ၀င်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ၀င်ရောက်တိုက်ခိုက် လိမ့်မယ်လို့ ခန့်မှန်း ပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်း ပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ (Bijli) ဟာ ဘင်္ဂလား ပင်လယ်အော်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ် လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရ် မိုးလေ၀သ ပညာရှင်တွေကို တွက်ဆ ခန့်မှန်း ပြောဆိုနေကြတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင် ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ရွေ့ပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့ လူပေါင်း ၄၃,၀၀၀ ကို အသင့် ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးအဖွဲ့ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်း ရွှေ့ဖို့ အခက်အခဲ ရှိနေကြသူတွေကို အလျင်အမြန် သွားရောက် နေရာချထားပေးမှုတွေ ပြုလုပ်နေ ကြတယ်။ မြန်မာပြည်ရှိ မုန်တိုင်း စက်ကွင်း ဒေသများတွင် နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။ မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ မုန်တိုင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရေး အချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများ အားလုံးအနေဖြင့်လည်း အဆိုပါ ဒေသများမှ ဒေသခံ ပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေး အချက်များ ၀ိုင်းဝန်း အကြောင်းကြား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ (သူငယ်ချင်းတစ်ယောက်ဆီမှရရှိသောသတင်းအားပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ |
2 June 2011
မုန်တိုင်း သတင်း အထူး သတိပေးချက်
Etiketter: မုန်တိုင်း သတင်း အထူး သတိပေးချက်
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment