| ရိက္ခာပို့ကားများ သွားရာလမ်း |
ဒေါနမြေမှာ အသက်ပေါင်းများစွာ သေကြေဆုံးရှုံးခဲ့ပေမဲ့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ လက်မခံကြတဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ ယခုလည်း မိုးတွင်းကာလအထူးစစ်ဆင်ရေးဆိုပြီး
ကရင်လူမျိုးကို မြေလှန်စံနစ်နဲ့ မျိုးဖြုတ်ဖို့ တာစူနေပြီဖြစ်ပါတယ်။
ကရင်အမျိုးသားတစ်ရပ်လုံးအား ကိုယ်စားပြုတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကလည်း စစ်ရေး
အရ လက်ဦးမှုရယူဖို့စံနစ်ကို စွဲကိုင်မထားသော်လည်း ကျူးကျော်ပြီးထိုးစစ်ဆင်လာတဲ့ စစ်မိစ္ဆာ
တွေကို ပြန်လည်ချေမှုန်းဖို့ မာနယ်စိုးစစ်ဆင်ရေး မဟာမိတ်အဖွဲ့ကို ကျောင်းသားတပ်မတော်
အပါအ၀င် DKBA နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။
ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားတို့ အားပေးထောက်ခံမှုနဲ့ ထောက်ပံ့ကူညီမှုအားရရှိတဲ့
ကရင့်အမျိုးသားလှုပ်ရှားမှု မာနယ်စိုးစစ်ဆင်းရေးဟာ နေပြည်တော်အစိုးရရဲ့ မိုးတွင်းကာလ
အထူးစစ်ဆင်ရေးကို ဗိုလ်ချုပ်စောလားပွယ်တို့ တပ်ဖွဲ့တုန်းကလိုပဲ အနိုင်ယူဖြိုခွင်းနိုင်မယ်လို့
ကရင်အမျိုးသားများ ယုံကြည်ထားကြပါတယ်။
ငွေအကုန်အကျများစွာဖြင့်လက်နက်ကြီးတွေကို ဖေါဖေါသီသီသုံးခဲ့တဲ့ ဝေါ်လေ ဖလူးတိုက်ပွဲတုန်း
ကလို ပြည်တွင်းစစ်ကိုဖိတ်ခေါ်နေတဲ့ နေပြည်တော်ကြံ့ဖွံ့အစိုးရအနေနဲ့ သုံးလာနိုင်သော်လည်း
စစ်နည်းပရိယာယ်ကျွမ်းကျင်ပြီးသား မာနယ်စိုးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စိုးစဉ်းမျှ စိုးရိမ်ကြောင့်
ကြစိတ်မ၀င်ပဲ တန်ပြန်ခုခံသွားရုံသာမက အနိုင်ယူသွားနိုင်မယ်လို့ ကရင့်အမျိုးသားလှုပ်ရှားမှု
အသိုင်းအ၀ိုင်းက ဆိုပါတယ်။
လူမျိုးကြီးဝါဒ၀ါးမျိုမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုနည်းမျိုးစုံကို ခံကြရတဲ့ ကရင်လူမျိုးကို ကိုယ်စားပြုလှုပ်ရှား
နေတဲ့ ကရင့်အမျိုးသားရေးလှုပ်ရှားသောတပ်ဖွဲ့များကို ကြံ့ဖွံ့အစိုးရသစ်အနေနဲ့ လုံးဝဥသုံ မသတ်
နိုင်ဘူးလို့ မပြောနိုင်သော်လည်း ကရင်လူမျိုးတို့၏ စိတ်ဓါတ်ကို ဘယ်လိုနည်းနဲ့မှ ချိုးနှိမ်၍ မရနိုင်
ကြောင်းကို ထပ်လောင်းပြောချင်ပြီး ကရင်တစ်ယောက်သေရင် ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်
လောင်သွားမည့်အကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။
http://ninedeblood.blogspot.com






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment