FNG မှ........
ယခုနှစ် မတ်လ ၃၀ ရက်နေ့  က မြန်မာ နိုင်ငံ ၏စစ်ဘက်အုပ်ချုပ် ရေးအကြီးအကဲရာထူးနေရာမှတရားဝင်စွန့် ခွာလိုက်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၎င်း ၏ကျန်းမာရေး အတွက် စင်္ကာပူနိုင်ငံ တွင်သွားရောက် ဆေးကုသခံမည် ဟုFNGမှ သတင်းရရှိသည်။
၎င်း၏မိသားစုဝင်များ နှင့်ရင်း နှီးသူများထံမှကြားသိရသည့်သတင်းအရဗိုလ်ချုပ်မှုးကြီးသန်းရွှေသည်ကျန်းမာရေးပိုမိုချို့ ယွင်းလာပြီးလမ်းပင် ကောင်း စွာမလျှောက် နိုင် တော့ ဟု သိရသည်။ ရာထူးမှစွန့်လွှတ် ပြီး နောက်သမ္မတဦးသိန်းစိန်၊ဒုသမ္မတဦးသီဟသူရတင်အောင်မြင့်ဦး နှင့်
နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင် လွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မင်းအောင် လှိုင် တို့ ကို
သာလျှင်ပုံမှန်တွေ့ ဆုံမှု ပြုလုပ်တော့သည်ဟု သိရသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ၏ကျန်းမာရေး အရအဆောတလျှင် ဆေးကုသခံရန်လိုအပ်သော်လည်းမည်သည့်နေရက်တွင်သွားရောက် ဆေးကုသခံ ယူမည်ဆိုသည်ကိုမူ FNG မှထပ်မံစုံစမ်းလျှက်ရှိသည်။
ယခင်ကလည်းဗိုလ်ချုပ်မှုးကြီးသန်းရွှေသည်စင်္ကာပူနိုင်ငံတွင်နှစ်ကြိမ်ထက်မနည်းဆေးကုသမှုခံယူ ခဲ့ဖူးသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အာဏာရှိ စဉ်ကပြည်ပ ခရီးထွက်ခွာရာတွင် ၎င်း၏လက်အောက်မှအရေးပါသည်စစ်ဗိုလ်ချုပ်များ၏မိသားစုဝင်များကို ခေါ်ဆောင်သွားလေ့ရှိသော်လည်းယခုတစ်ကြိမ်တွင်မူသူ၏လက်ထောက်အရာရှိများအပြင်သူ၏မိသားစုဝင်များသာလိုက်ပါဖွယ်ရှိသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ပြည်တွင်း ပြည်သူ အုံကြွမှုများပေါ်ပေါက်လာနိုင်သည်ကိုခန့် မှန်းတွက်ချက်မိ၍ ကချင်၊ကရင်၊ရှမ်း စသည့် တိုင်းရင်း သားများနှင့် ပြည်တွင်းစစ်မီး ပြန်မွှေး၍ အတိုက်အခံအတွင်းသဘောထားကွဲရန်နှင့်အာရုံလွှဲရန်ရည်ရွယ်လုပ်ဆောင်နေပုံရသည်ဟု မြန်မာ စစ်တပ်မှအရာရှိဟောင်းတစ်ဦးကသုံးသပ်သည်။
လက်ရှိKIAအားထိုးစစ်ဆင်နေခြင်းသည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ခွင့် ပြုမှုကြောင့်ပင်ဖြစ်သည် ဟုတပ်တွင်းသတင်းများအရသိရသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည်နိုင်ငံအာဏာကို ၁၀၀ ရာခိုင်နှုန်းချုပ်ကိုင်ထားဆဲပင် ဖြစ်သည်ဟုနေပြည်တော် ပြန်ကြားရေးဌာနမှအရာရှိတစ်ဦးက FNG သို့ ပြောသည်။
20 June 2011
အာဏာရူးကြီး သန်းရွှေ ဆေးကုသမှု ခံယူရန် စင်္ကာပူ သို့ ထွက်ခွာမည်
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment