ရိုးမ ၃
နေပြည်တော်တိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်အတွင်း စစ်တပ်က လယ်မြေဧက ရာချီပြီးသိမ်းယူသွားသည့်အတွက် ဒေသခံတောင်သူများ စားဝတ်နေရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတဦးက ပြောသည်။
ယခုနှစ်(၁)လပိုင်းမှ စတင်ကာ (၅)လပိုင်း (၁) ရက်နေ့အထိ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စုများမှ လယ်ဧက (၂၀၀)ကျော်ကို နယ်မြေခံ ခမရ (၆၀၅) တပ်မှ ဗိုလ်ကြီးသန်းဝင်းအောင်က ဦးဆောင်သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း တောင်သူတဦးက ပြောသည်။
“ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြို့နယ် မြေစာရင်းတို့ ပူးပေါင်းပြီးတော့ ဗိုလ်ချုပ် စိုးရှိန်အမိန့်နဲ့ တောင်သူတွေ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်လာတဲ့ မြေယာကို သိမ်းယူခဲ့တာ၊ ပိုင်ဆိုင်မှု မပြနိုင်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်ကြီးသန်းဝင်းအောင် ဦးဆောင်ပြီး ခြံစည်းရိုးကာခဲ့တာ၊ အဲဒါတွေကို သိမ်းလိုက်တော့ တော်တော်နစ်နာတယ်၊ သိမ်းပြီးတော့ ဘာပြန်စိုက်မှာလဲဆိုတော့ ဗိုလ်ချုပ်တွေက သရက်ပင် ပြန်စိုက်မှာတဲ့” ဟု ဒေသခံ တောင်သူက ပြောသည်။
ယင်းလယ်မြေများ၏ ကာလပေါက်ဈေးမှာ တဧကလျှင် ကျပ်နှစ်သိန်းဝန်းကျင်ရှိပြီး စစ်တပ်မှ သိမ်းယူပြီး ထိုက်တန်သည့် လျော်ကြေးပေးဆောင်ခြင်း မရှိကြောင်း ဒေသခံတောင်သူက ဆက်ပြောသည်။
“မြေက တဧက ကာလပေါက်ဈေး နှစ်သိန်းကျော်တယ်၊ လျော်ကြေးက လေးသောင်းခွဲလောက်ဘဲ ရကြတယ် ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြေစာရင်းက အာဏာပိုင်တွေက လျော်ကြေးငွေကို ပွဲစားလုပ်တော့ ရတဝက် မရတဝက်ဖြစ်နေတယ်၊ လောလောဆယ် တောင်သူတွေက မြေယာမဲ့ ဘဝရောက်ပြီး စားဝတ်နေရေး ပြဿနာဖြစ်နေတယ်” ဟု ဆက်ပြောသည်။
ဒေသခံတောင်သူများအနေဖြင့် ယခင်က အဆိုပါ မြေယာများတွင် ကြံများစိုက်ပျိုးကြပြီး တဧကလျှင် ကြံတန်ချိန်(၃၀) ထွက်ရှိခဲ့သဖြင့် စားဝတ်နေရေး အဆင်ပြေခဲ့သော်လည်း ယခုအခါ မြေယာမဲ့ဘဝရောက်နေကြောင်း အဆိုပါတောင်သူက ဆက်ပြောသည်။
ထို့အပြင် ဗိုလ်ကြီးသန်းဝင်းအောင်သည် လယ်ဝေးမြို့နယ်အတွင်းမှ ပေါက်မြိုင်အုပ်စု၊ သစ်ကြိမ်း၊ သဲကြီးကုန်းအုပ်စုများတွင် ကျောက်ထုတ်လုပ်ခွင့် ဂရမ်များကို မြို့နယ်မြေစာရင်းတို့ဖြင့် ပူးပေါင်းကာ ရောင်းစားနေလျှက်ရှိပြီး မြေကွက်များရိုက်ကာ ရောင်းချနေလျှက်ရှိသည်။
2 June 2011
စစ်တပ်က ကြံစိုက်မြေ ဧကရာချီသိမ်းယူသည့်အတွက် တောင်သူများ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment