ဧရာဝတီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တလကျော် ကာလအတွင်း အခိုးခံရပြီး မြန်မာနိုင်ငံ မြ၀တီမြို့သို့ ရောက်ရှိသွားသည့် ထိုင်းကား ၁၅ စီးကို မြန်မာဘက်မှ ထိုင်းအာဏာပိုင် များထံသို့ ပြန်လည် ပေးပို့ခဲ့သည်ဟု ထိုင်းတပ်မှူး တဦးကပြောသည်။

မြန်မာဘက်မှ ပြန်ပို့ပေးသည့် ထိုင်း ခိုးကား (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်ထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)အဖွဲ့က ကား အရောင်း အ၀ယ် လုပ်သူများ မြ၀တီသို့ တင်သွင်းလာသည့် ထိုင်း ခိုးကားတစီးကို ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ထိုင်းအာဏာပိုင်များထံ သို့ပြန်လည် လွှဲပြောင်းပေးအပ်သည့်ပွဲတွင် အမှတ် ၃၅ ထိုင်း နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး နို့ဖဒွန်းဝပ်ချလကျစ် ဘော် ၀မ် က ပြောကြားခြင်းဖြစ်သည်။
၎င်းက“ဒီသင်္ကြန်မတိုင်မီမှာ မြန်မာဘက်က ထိုင်းကား ၁၁ စီးနဲ့ သင်္ကြန်အပြီးမှာ ၄ စီးကို ထိုင်းဘက်ပြန်လွှဲပေးခဲ့ပါတယ်၊ ဒီ နယ်စပ်မှာ အခုနောက်ပိုင်း မြန်မာဘက်က ထိုင်းနဲ့ပူးပေါင်းပါဝင်မှုတွေ ပိုများလာတယ်”ဟုလည်း ပြောသည်။
ထိုင်းကားများ ပြန်လည်လွှဲပြောင်းမှုကို မြ၀တီခရိုင် အာဏာပိုင်များက ပြုလုပ်ခြင်းမဟုတ်ဘဲ KNU/KNLA မှ ဗိုလ်မှူးကြီး နေစိုးမြက ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု မြ၀တီမြို့ခံ တဦးကလည်း ပြောပြသည်။
ဗိုလ်မှူးကြီး နေစိုးမြ ၏ KNU/KNLA အဖွဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်သည် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေးတံတား မြောက် ဘက် ရှိ အမှတ် ၁၃ ထိုင်းလှေဆိပ် တဘက်ကမ်း မြ၀တီဘက်ကမ်းနဖူးတွင် တည်ရှိသည်။
ထိုင်း အာဏာပိုင်များ၏ အကူအညီတောင်းဆိုချက်အရ အဆိုပါဂိတ်မှတဆင့် မြ၀တီ ဘက်သို့ရောက်ရှိသွားသည့် ထိုင်း ခိုး ကားများကို ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု KNU/KNLA တပ်မှူးတဦးက ထိုင်းဘက်ရှိသတင်းထောက်များကိုပြောသည်။
ခိုးကားများပြန်လည်ပေးပို့မှုကို ဦးဆောင်ပြုလုပ်ပေးသည့် ဗိုလ်မှူးကြီး နေစိုးမြသည် အခမ်းအနားသို့ တက်ရောက်ခြင်းမရှိဘဲ အောက်ခြေတပ်မှုးတဦးကို ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့ပြီး ၎င်းဂိတ်မှတဆင့် ထိုင်းခိုးကားများကို ကျော်ဖြတ်ခွင့်ပေး မည်မဟုတ်ဟု သတင်းထောက်များကို ဖုန်းဖြင့်ပြောဆိုသည်။
မြန်မာ ကားပွဲစားတဦး၏ အဆိုအရ မဲဆောက်မှတဆင့် မြ၀တီဘက်သို့ ထိုင်းကားခိုးထုတ်သည့် အရေအတွက်မှာ တလ လျှင် ပျမ်းမျှ အစီးရေ ဆယ်ဂဏန်းအထက်တွင် ရှိသည်ဟုပြောပြီး ယခုကဲ့သို့ မြန်မာဘက်မှ တရားဝင် လူသိရှင်ကြား ကား များပြန်ပို့မှုသည် ယခင်ကမရှိခဲ့ကြောင်း သိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment