http://ninedeblood.blogspot.com
သော်လည်း ပြည်တွင်းစစ်ရပ်ဆဲဖို့နေနေသာသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ပို၍ပင် တင်းမာမှုများရှိလာပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်းလည်း ပို၍ မြင့်တက်လာပါသည်။
ထိုသို့တိုက်ပွဲများစိပ်လာရခြင်းအကြောင်းရင်းမှာ နအဖတို့သည် တိုင်းရင်းသားအသီးသီး၏ နှစ်လရှည်
စွာ လိုလားတောင်းဆိုနေသော နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်သို့ရောက်အောင်
ခေါ်ဆောင်မသွားပဲ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားများက ရှုမြင်သုံး
သပ်ကြပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးများက နအဖတို့အား ကျူးကျော် ရန်စမှုမရှိပဲ နအဖတပ်
များကသာ တိုက်စစ်ဆင်ကျူးကျော်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တို့မှ နယ်မြေကျွမ်း ကျင်မှုနှင့် စောင့်ကြိုပစ်ခတ်နိုင်မှုကြောင့်နအဖဘက်ကသာ အထိနာရစမြဲသာ ဖြစ်သည်။
ဧပြီလ(၂၄)ရက်နေ့တွင်လည်း ဗမာစစ်အစိုးရတပ်နှင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တို့ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ ပေါင်းချောင်းဂွင်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြန်ပါသည်။
ဒုစစ်ကြောင်းမှုးကိုကိုလွင် ဦးဆောင်သော ခမရ ၃၈၅ ကို တပ်မဟာ ၄  တပ်ရင်း ၁၂မှ စောင့်ကြို ပစ်ခတ်ခြင်းဖြစ်ပြီး ဗမာစစ်အစိုးရတပ်ဖက် ၃ဦးသေကာ  ၃ ဦးဒဏ်ရာရခဲ့ပါသည်။ 
သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှုး ၁ဦးနှင့် ဒုဗိုလ် ၁ ဦးပါဝင်ပါသည်။ 
ဧပြီလ ၂၃ ရက်တွင်လည်း ခမရ ၄၀၃နှင့်ရင်ဆိုင်တိုက်ပြွဲဖစ်ရာ   ဗမာစစ်အစိုးရတပ်မှ ၃ ဦးသေပြီး
၅ဦးဒဏ်ရာရခဲ့ပါသည်။    သေဆုံးသူများထဲတွင်  တပ်ကြပ်ကြီး ၁ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment