31 May 2011
ဥရောပ-တရုတ် ဆည်စီမံကိန်းကြောင့် ဒေသခံလူထု ၈ထောင်ကျော် ပြောင်းရွှေ့ရန် အမိန့်ပေးခံရဟု KNGY ထုတ်ပြန်
စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်နယ်၊ ပေါင်းလောင်းမြစ်အထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဥရောပ-တရုတ် ပူးပေါင်းတည်ဆောက် မည့် ဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၃ရွာမှ ဒေသခံလူထု ၈ထောင်ကျော် အိုးအိမ်ပြောင်းရွှေ့ရန် နှင်ထုတ်အမိန့်ပေးခံရ သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။
အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသည့် “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း”အမည်ရှိ အဆိုပါ အစီရင်စာတွင် မြန်မာ အာဏာပိုင်တို့က ရှမ်းပြည်နယ်အနောက်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှ ကယန်း၊ ပအို့ဝ်နှင့် မြန်မာလူမျိုးများ အခြေ ချ နေထိုင်သည့် ထိပ်ပင်ကျေးရွာအုပ်စုရှိ ရွာ ၁၂ရွာနှင့် သပြေကုန်းကျေးရွာအုပ်စုရှိ ရွာ ၁၁ရွာတို့ကို ယခုနှစ် အောက်တိုဘာလ ကုန် နောက်ဆုံးထား၍ အားလုံး ပြောင်းရွှေ့ရမည်ဟု ဖော်ပြထားသည်။
“ကျနော်တို့ကို ခြိမ်းခြောက်မှုတွေနဲ့ အမိန့်ပေးနှင်ထုတ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သွားနေရမှန်း မသိသလို၊ ဘယ် လို ဆက်လက်ရှင်သန်ရမယ်ဆိုတာလည်း မသိတော့ပါဘူး။”ဟု ဒေသခံကျေးရွာသားတစ်ဦးက ထိုကြေညာချက်၌ ပြောဆို ထားသည်။
အစီရင်ခံစာ၏ ပြောရေးဆိုခွင့်ရှိသူ KNGY မှ မူမိုးလေးက “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကျမတို့ဒေသက ကယန်း အပါ အ၀င် လူထုတွေရဲ့ အဖြစ်အပျက်အမှန်တွေကို နိုင်ငံတကာကသော်လည်းကောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေ သော်လည်းကောင်း ဒီကိစ္စကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို ထုတ်တာပါ။ မြန်မာအစိုးရက အခုလုပ်တာက လူထုအကျိုး မပါဘဲ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အဖြစ်မှန်ကို သိပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်စေဖို့၊ ဖိအား ပေးသွားဖို့ မျှော်လင့်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလက အရှေ့ပိုင်းတိုင်းဌာနချုပ်-ရပခ တိုင်းမှူး ဗိုလ်ချုပ်ရန်ပြည့်သည် အဆိုပါ ဒေသရှိ ကျေးရွာများဆီကို လာရောက်၍ ပေါင်းလောင်းမြစ်အထက် ရေလှောင်တမံကြောင့် လူထုများနေထိုင်သည့် နေရာများတွင် ရေလွှမ်းမိုးနိုင်သည့်အတွက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး အိမ်ပြန်လည် တည်ဆောက် ရန် တအိမ်ထောင်လျှင် နစ်နာကြေး ၅၀,၀၀၀ကျပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုမျှငွေနှုန်းဖြင့် ၎င်းတို့အတွက် ဘာမျှထိ ရောက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။
Etiketter: news
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment