ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်းတပ်အားလုံးကို တပ်လှန့်ထားပြီး ရှေ့တန်းရှိ မြန်မာတပ်များအားလုံး မေ ၂၅၊ ယနေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် KIA ၏ တောင်းဆိုချက်ကို မြန်မာအစိုးရက မည်သို့ တုန့်ပြန်မည်ကို စောင့်ကြည့်နေသည်ဟု KIA က ဆိုသည်။
မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံထားသည့် မြန်မာတပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ ထူးခြားသော ယင်းသတိပေးချက်မှာ တာပိန်မြစ်ရေးအားလျှပ်စစ်စက်ရုံနှစ်ခုအနီးရှိ ဒွမ်ဘွမ်ကရုန်အခြေစိုက် KIA တပ်ရင်း ၂၅ သို့ မြန်မာစစ်တပ်က ၇၅ မမ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် မေလ ၁၉ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။
ဗဟိုမြန်မာအစိုးရက စစ်ရေးအရတုန့်ပြန်လျှင် ပြည်တွင်းစစ်ဖြစ်လာမည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိများ ပြောသည်။
မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံထားသည့် မြန်မာတပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေတဲ့ KIA စစ်သားများ။
၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။
ဗဟိုမြန်မာအစိုးရက စစ်ရေးအရတုန့်ပြန်လျှင် ပြည်တွင်းစစ်ဖြစ်လာမည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိများ ပြောသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment