Osama bin Laden is dead, Obama says
-WFWW-
အမေရိကန်သမ္မတ အိုဘားမား က ဘာသာရေး အစွန်းရောက် အယ်လ်ကိုင်ဒါးအဖွဲ့ရဲ့ အကြမ်းဖက် ခေါင်းဆောင် အိုဆာမာ ဘင်လာဒန် ကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်မြို့ မှာ ပုန်းအောင်းနေစဉ် အမေရိကန် ရေတပ် အထူးတပ်ဖွဲ့ က အသေဖမ်းဆီးခဲ့ပြီး၊ ရုပ်ကလပ်ကို သယ်ဆောင်လာနိုင်ခဲ့ကြတယ်လို့ တနင်္ဂနွေနေ့ ညနေ အိမ်ဖြူတော်ကနေ တရားဝင်ကြေညာလိုက်ပါပြီ။
အယ်လ်ကိုင်ဒါး အကြမ်းဖက်ခေါင်းဆောင် အိုဆာမာ ဘင်လာဒန် ကို ဖမ်းဆီးနိုင်ဖို့ ၁၀နှစ်ကျော်ကြာခဲ့ပြီး၊ အခုလို အသေဖမ်းဆီးနိုင်ခဲ့လို့ အမေရိကန်သမ္မတ က အမေရိကန် ထောက်လှမ်းရေး အဖွဲ့ ကို ချီးကျူးခဲ့ပါတယ်။ ဒီ အထူးစစ်ဆင်ရေး မှာ အမေရိကန် တပ်ဖွဲ့ ဘက်မှ ထိခိုက်မှု တွေ မရှိခဲ့ကြောင်း၊ အိုဆာမာ ဘင်လာဒန် ရဲ့ ဆွေမျိုးတွေကိုလည်း အသေဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားပါတယ်။ ဒီ အထူးစစ်ဆင်ရေးကို ပါကစ္စတန်အစိုးရ နှင့် အမေရိကန် အစိုးရ တို့ ပူးတွဲဆောင်ရွက်ခဲ့ကြောင်း သမ္မတ အိုဘားမား က အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အမျိုးသား သုံးယောက်နှင့် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။ အထူးစစ်ဆင်ရေးမှာပါဝင်တဲ့ ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းမှုရှိခဲ့လို့ နောက်ဆုံးမှာ လုံခြုံရေး နှင့် သတင်းပေါက်ကြားမှု မရှိစေရန် ဖျက်စီးခဲ့ရကြောင်းလည်း သိရှိရပါသည်။
အယ်လ်ကိုင်ဒါး အကြမ်းဖက်အဖွဲ့နှင့် အိုဆာမာ ဘင်လာဒန် ကိုထောက်ခံသူတွေက လက်တုန့်ပြန်လာနိုင်တာကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန က ပြည်ပမှာနေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို လုံခြုံရေး အတွက် အထူးသိရှိကြဖို့နှင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
နယူးယောက် မြို့ ဝေါ်ထရိတ်စင်တာ အဆောက်အဦးနှစ်ခု နှင့် ပင်တဂွန် စစ်ဌာနချုပ် အား လေယာဉ်ပြန်ပေးဆွဲ၊ အသေခံ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကို အိုဆာမာ ဘင်လာဒန် က စီစဉ်ခဲ့ပြီး၊ ယင်းအကြမ်းဖက်မှု ကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment