//www.narinjara.com/
အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများ ထိန်းသိမ်းခံနေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အန္ဒိယ ထောင်ထဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် 34 freedom fighter ဘော်လုံး အသင်းကို တွေ့ရစဉ်။သူတို့ သုံးဦးကို ပို့ဘလေယားတွင် စစ်ဆေးပြီးနောက် အမူပြီးစီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
သူတို့လွှတ်မြောက်လာမည့် အကြောင်းကို "kyi phyo" kyiwayphy0@yahoo.com အီးမေးလ် အကောင့်မှ တခြား ၈၈ Yahoo Group သို့ ပေးပို့သော စာတွင်လည်း ရေးသား ဖေါ်ပြထားသည်။
ရခိုင်နှင့် ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော်မှ ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့နှင့် သဘောတူချက်အရ လန်းဖေါ့ကျွန်းတွင် စစ်စခန်း တည်ဆောက်ရန် လာစဉ် ၁၉၉၈ ခုနှစ်က ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ယခု ၁၃ နှစ်ကြာပြီးမှ အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်ကြမည် ဖြစ်သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment