အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍ လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို လိမ်ခေါ်သွားသူ အမျိုးသားနှင့် ၄င်း၏အဖော် အမျိုးသားတို့က အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အမှုတစ်ခု ရန်ကုန်မြို့တွင်း မြို့နယ် တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။
ပြည်တွင်းရှိ INGO အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းဖြစ်သော အဆိုပါ အမျိုးသမီးငယ်သည် မေ ၂၂ ရက်နေ့က ပုစွန်တောင် မြို့နယ် အတွင်းရှိ အင်တာနက်ကဖေး တစ်ခုတွင် အသုံးပြုနေစဉ် တရားခံ ဖြစ်လာမည့် အမျိုးသားနှင့် G-talk တွင် တွေ့ဆုံခဲ့ကြောင်း၊ ထိုအမျိုးသားက သူမ အသုံးပြုနေသော ဆိုင်ကို မေးကာ မထင်မှတ်ဘဲ တကယ်ရောက်ရှိလာပြီး မုန့်သွားစားမည်ဟု စကားပြောရင်း ၄င်း၏ သူငယ်ချင်း အမျိုးသားတစ်ဦး ရှိရာ ဘီယာဆိုင်သို့ ရောက်သွားခဲ့ကြောင်း၊ သူမလည်း ဘီယာနှစ်ခွက် သောက်မိသွားပြီး မူးသွားကြောင်း၊ ၄င်းတို့ နှစ်ဦးက ကန်တော်ကြီးမှာ သွားနားမည် ပြောကာ ကားငှား၍ သူမကို ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်း တစ်ယောက်အိမ် ၀င်ဦးမည် ပြောကာ လမ်းတစ်လမ်း၌ တက်စီကို ရပ်ခိုင်းခဲ့ပြီး သူမကို အမူးပြေအောင် မျက်နှာ သစ်မည်ဟု ခေါ်ကြောင်း၊ သူမ အိမ်ခန်းပေါ် ရောက်သွားခဲ့သည့်အခါ အမျိုးသား တစ်ဦးက ထမင်းဆင်းဝယ်မယ် ဆိုပြီး ရှောင်ထွက်သွားစဉ် ကျန်တစ်ဦးက သူမကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထမင်းသွားဝယ်သည့်သူ ပြန်လာသည့်အခါ သူမကို ရေချိုးခန်းထဲ အတင်းခေါ်သွား၍ ထပ်မံ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထိုသူနှစ်ဦး ခေတ္တ အပြင်ထွက်သွားစဉ် မျက်နှာချင်းဆိုင် အခန်းကို အကူအညီတောင်းကာ အိမ်သို့ ဖုန်းဆက်ခဲ့ရကြောင်း၊ မျက်နှာချင်းဆိုင် အိမ်မှ အကြောင်းကြားမှုကြောင့် အမျိုးသမီးငယ် နေထိုင်ရာ လမ်းမှ ရာအိမ်မှူးနှင့် လူများ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာခဲ့ပြီး မိန်းကလေး၏ တိုင်ကြားချက် အရ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် ပ/၂၄၈/၂၀၁၁ ၊ ပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့် အရေးယူ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ တရားခံ အမျိုးသား နှစ်ဦးစလုံးကို ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်း၌ ခေတ်စားလာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုခန့်သာ ရှိသေးသော အင်တာနက်ကြောင့် ၄င်းနှင့် ဆက်နွယ်သော မိန်းကလေးများကို ကာယိနြေ္ဒ ပျက်ပြားစေမှု၊ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု၊ သွေးဆောင်ဖျားယောင်း၍ လူကုန်ကူးမှု စသဖြင့် အမှုများ ပေါ်ပေါက်လာပြီး မကြာခဏ ကြားနေရသဖြင့် အွန်လိုင်းပေါ်က မည်သူ့ကို မဆို အမျိုးသမီးများ အယုံမလွယ်ကြရန်၊ ခေါ်တိုင်း မလိုက်ရန်၊ မူးယစ်သေစာ (အစားအသောက်ထဲ ထည့်၍လည်း ဖြစ်နိုင်သည်) တိုက်ကျွေးခြင်းများ မသုံးဆောင်မိအောင် ခိုင်မာသော ကိုယ်ကျင့်တရားနှင့် အသိများ ရှိကြပြီး ဤမှုခင်းများ အကြောင်းကို အချင်းချင်းလည်း သတင်းပေး မျှဝေပေးရန် လိုအပ်လှပေသည်။
Written by : ရဲဘုန်းမင်း
29 May 2011
အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့
Etiketter: ဖြစ်ရပ်မှန်
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment