ရွှေတိဂုံစေတီတော် စနေထောင့်ရှိ အောင်ရွှေထီး တန်ဆောင်း၌ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးအား စွန့်ပစ်ခဲ့သည့်ဖြစ်စဉ် မေလ ၁ ရက် နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စွန့်ပစ်ခံရသည့် ကလေးငယ်ကို မေလ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ အချိန်ဝန်းကျင်တွင် အဆိုပါတန်ဆောင်း၌ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့၍ ဂေါပကအဖွဲ့ အား အကြောင်းကြားခဲ့ရာ ဂေါပက အဖွဲ့မှ ကလေးငယ်တွေ့ရှိသည့်အချိန် မှစ၍ ည ၁၀ နာရီအထိ ရင်ပြင်တော်ပေါ်တွင် လော်စပီကာများဖြင့် ကလေးငယ်တစ်ဦး တွေ့ရှိကြောင်း နှိုးဆော်ပေးသော်လည်း ကလေးအား ပြန်ခေါ်သူ မရှိခဲ့ကြောင်း သိရသည်။
“ကလေးကိုစတွေ့တဲ့ အချိန်က နေ ည ၁၀ နာရီထိ ရင်ပြင်တော် တစ်ခုလုံးမှာ အများပြည်သူကြားနိုင်အောင် စပီကာတွေနဲ့ နှိုးဆော်ခဲ့ပါတယ်။ မိုးသာချုပ်သွားတယ် ကလေး ကို ပြန်လာခေါ်မယ့်သူ မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီကလေးက စွန့်ပစ်ခြင်း ခံခဲ့ရတယ်လို့ သတ်မှတ်ပါတယ်။ ကလေးကလုံးဝ မငိုပါဘူး။ စကားကောင်းကောင်း မပြောတတ်ပေမယ့် သမီးနာမည်က မနှင်းပွင့်ဖြူ၊ မိဘတွေက ဦးဘိုဘိုထွန်းနဲ့ ဒေါ်ဖူးပွင့်လို့ ပြောပါတယ်။ သမီးဘာနဲ့လာလဲမေးတော့ ရထား နဲ့လာတယ်လို့ ပြောတယ်။ တခြားတော့ ဘာမှထပ်မပြောတတ်ဘူး။ ကလေးနဲ့အတူ ကလေးအ၀တ်နှစ်စုံ နဲ့ ထီးတစ်လက်ပါတာ တွေ့ရတယ်”ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။
အဆိုပါ ကလေးငယ်အား မေ လ ၂ ရက်နေ့တွင် ဂေါပကအဖွဲ့မှ ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ အသက်ခြောက်လအောက် ကလေးများကိုသာ ကလေးဆေးရုံမှ လက်ခံမှုရှိ၍ ကလေးအား ရွှေဂုံတိုင်ကလေး ပြုစုရေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှလည်း ကလေး၏ ဆေးစစ်ချက်များ ပါရှိမှသာ လက်ခံနိုင်မည်ဟုဆိုသဖြင့် ကလေးအား ကလေးဆေးရုံသို့ ပြန် ခေါ်ဆောင်ခဲ့ရကြောင်း၊ နောက်ဆုံး၌ ဂေါပကအဖွဲ့မှ ရွှေဂုံတိုင်ကလေးပြုစု ရေးဌာနမှတစ်ဆင့် ထောက်ကြန့် ကလေးပြုစုရေးဌာနသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့် ပို့ဆောင်စဉ်သုံးရက်တာ ကာလအတွင်း ကလေးအားမွေးစား လိုသူများရှိသော်လည်း ဂေါပကအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကလေးပြုစုရေးဌာနသို့သာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
16 May 2011
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment