ကရင်နီပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် နန်းဖောင်းချောင်းနှင့် နန်းမားကြားတွင် ဟင်းရှာနေသော အစိုးရစစ်တပ်တို့ကို ကရင်နီ တပ်မတော်ဘက်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် ၄ ဦးကျဆုံးခဲ့သည့်ဟု သိရသည်။
ကရင်နီတပ်မတော်မှ စစ်ဦးစီးတပ် တပ်ကြပ်ကြီး စောထူးဂေ ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အစိုးရစစ်တပ် ခလရ ၁၃၅ အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖြစ်သည်။
“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။
အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။
အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment