သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာနယ်စပ် ရွှေလီမြစ်ကူးတို့ဆိပ် တစ်ခု ဖြစ်သည့် သျှမ်းပြည် (မြောက်ပိုင်း)မူစယ် ခရိုင်မန့်ဟျိုး မြို့ နယ်ခွဲ အ တွင်းရှိ နောင်ခိုရွာ စက်လှေဆိပ်တွင် ဒေသခံမြန်မာစစ်တပ်မှဗိုလ်ကြီး တစ်ဦး ငွေတောင်းခံမှု ယခုလ ၁၁ နေ့က ပြုလုပ် ခဲ့ကြောင်းကူးတို့ဆိပ်ကန်ထရိုက်ဆွဲထားသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦး၏ အဆိုအရသိရ သည်။

ရွှေလီမြစ်ကူးတံတား အဟောင်း
စစ်တပ်အတွက် နေ့စဉ်ကြေး ကျပ် ၃ သောင်းပေးရမည်ဟု ဗိုလ်ကြီးမျိုးမြင့်အောင် ဆိုသူကစက်လှေမောင်း သမားများအား ၄င်းနေ့ နေ့လည်ပိုင်း၌ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သူကဆိုသည်။
“၁၁ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်မှာ မန့်ဟျိုးတပ်စခန်းမှူး ဗိုလ်ကြီးမျိုးမြင့်အောင်က နေ့စဉ် ကျပ်ငွေ ၃ သောင်း ပေးရ မယ်လို့ လှေဆိပ်မှာလာပြောတယ်၊ သေနတ်ထုတ်ပြီး စက်လှေမောင်းတဲ့သူကို ခြိမ်းခြောက်တာ” ဟု ဆိုသည်။
၎င်းလှေဆိပ်မှာ နောင်ခိုရွာသားများစုပေါင်းလုပ်ကိုင်သည့် ကူးတို့ဆိပ်ဖြစ်ပြီး ၀စ်သောက်ကားနှင့်ထော်လာဂျီ များ အဓိက ဖြတ်ကူးကြောင်း ဒေသခံစစ်တပ်အတွက် လစဉ်ကြေး ကျပ် ၃ သောင်းပေးနေသည့်ကြားကနေ့စဉ် ကြေးသွားရောက် တောင်းယူခြင်းနေသေးကြောင်း သူကဆက်ပြောသည်။
အဆိုပါတောင်းခံထားသည့် နေ့စဉ်ကြေး ကျပ် ၃ သောင်းကို ယခုအခါ အပိုဆောင်း ပေးနေရကြောင်းသိရသည်။
ယခုကိစ္စများနှင့် ပတ်သက်၍ အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက ယခုလို မှတ်ချက်ပြု ပြောဆိုသည်။
“တချို့ဟာတွေက တစ်ဦးနဲ့တစ်ဦး တိုက်ခိုက် တာတွေရှိတယ်၊ ၀န်ထမ်းရော ဒေသခံရော အဆင်ပြေတာ အကောင်း ဆုံး ပေါ့ ။ အာဏာပိုင်တွေကတော့ ဘယ်သူမှ ရာထူးအပြုတ်ခံမှာ မဟုတ်ဘူး။ တိတိကျကျလုပ်ရင် အောက်ခြေလက်လုပ် လက် စားနဲ့ ဒေသခံတွေပဲ ထိခိုက်မယ်” ဟု ဆိုသည်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment