http://kyokorea.blogspot.com/

မြဝတီမြို့တောင်ဘက် ချောင့်ခက် နေရာမှာ မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကေအန်ယူ ၂၀၁ တပ်ဖွဲ့တွေနဲ့ ကြံ့ဖွတ်အစိုးရစစ်တပ်တို့ တိုက်ပွဲတွေပွားနေပါတယ်။
မနေ့မနက် တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ကြံ့ဖွတ်တပ်မှ ဒုဗိုလ်အရာရှိတဦးလည်း ချောင့်ခက် အနီးဝန်းကျင်မှာ ထွက်ပြေးပျောက်ဆုံးနေတဲ့အတွက် ကြံ့ဖွတ်တပ်တွေ အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံ ရွာသားများပြောပြချက်အရ သိရှိရပါတယ်။
“ကျနော်တို့ ရွာလူကြီးတွေကို စစ်တပ်က လိုက်မှာနေတယ်။ ထွက်ပြေးနေတဲ့ အရာခံဗိုလ် ရွာကိုရောက်ရင် အကြောင်းကြားရမယ်လို့ မှာတယ်။ တောထဲက အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံဘက်ကို ရောက်သွားမှာ စိုးရိမ်နေကြပုံပဲ။ အပူတပြင်းလိုက်နေကြတာ တပ်တွေနဲ့ ဒီနေရာက နယ်စပ်နဲ့ ကပ်နေတော့ လွတ်သွားဖို့ က များတယ်လေ” ဒေသခံ ရွာသားတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
အခုချိန်မှာ ထိုင်းမြန်မာနယ်စပ် ချောင့်ခက်ဒေသကို ကြာအင်းဆိပ်ကြီးမှာ တပ်အသစ်များ ထပ်မံအင်အားဖြည့် ရောက်ရှိလာနေကြတာဖြစ်ပြီး၊ ကြာအင်းဆိပ်ကြီးမှ တက်လာရာ လမ်းတလျောက်မှာလည်း ဒီကေဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ခဲ့တယ်လို့လဲ ကေအန်ယူ သတင်းရပ်ကွက်က ကြားသိရပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment