သန်းထိုက်ဦး
မွန်ပြည်နယ် ရေး - သံဖြူဇရပ် ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင်ကား ၅ စီး ပစ်ခတ်ခံရသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ပြီး ဆက်ကြေးတောင်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သူတို့မှာ ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။
တနှစ်စာ ဆက်ကြေးအဖြစ် ထားဝယ် - ရန်ကုန် ကားတစီးလျှင် ကျပ် ၁၀ သိန်း၊ ထားဝယ် - မော်လမြိုင်ကား တစီးလျှင် ၃ သိန်း နှုန်း အဓမ္မ ကောက်ခံခဲ့ကြောင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
အခင်းဖြစ်ပွားပြီးနောက် နယ်မြေခံ စစ်တပ်က လိုက်လံ ရှင်းလင်းရာ ဖမ်းဆီးခံထားရသူ ၆ ဦး အနက်မှ ၄ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သတင်းစာက ဆိုသည်။ ခရီးသည်များ ထိခိုက်မှု ရှိမရှိ သတင်းစာတွင် ဖော်ပြမထားပေ။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေကမူ ၎င်းတို့ တဖက်သတ် စွပ်စွဲရေးသားခံရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီသတင်း အချက်အလက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ သံသယ ရှိတယ်၊ နောက်တခုက ကျနော်တို့ဘက်က ဒီလိုမျိုး ဖမ်းဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပေါ်လစီ (မူဝါဒ) မရှိဘူး၊ ဒါ စွပ်စွဲချက်ပဲလို့ ကျနော်တို့ပြောရမယ်” ဟု သူက ဆိုသည်။
ထိုဒေသ တလျှောက်တွင် KNU တပ်ဖွဲ့ဝင်များ ရှိသကဲ့သို့ မွန်ပြည်သစ်ပါတီဝင်ဟောင်း တချို့နှင့် ဖွဲ့စည်းထားသော ဓားပြအဖွဲ့ တဖွဲ့လည်း လှုပ်ရှားနေသောကြောင့် အခြေအနေများ ရှုပ်ထွေးနေသည်ဟု မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။
မွန်ဓားပြ အဖွဲ့တွင် လူဦးရေ ၃၀ ခန့်ရှိပြီး မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဟု အမည်ပေးထားကြောင်း သူက ဆိုသည်။
အာဏာပိုင်တို့က မြန်မာပြည်အတွင်း ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲတတ်သကဲ့သို့ ယင်း အဖွဲ့အစည်းများကလည်း ငြင်းဆိုလေ့ ရှိကြသည်။
24 May 2011
ခရီးသည်တင်ကားများ ပစ်ခတ်ခံရ
Etiketter: irrawaddy new
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment