နေ့သစ်
ဒီကနေ့ မြဝတီမြို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးသံတွေ ကြားရနေရတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။“နေ့လည်က ကြားတာ ၁၀ ချက်လောက်ရှိတယ်။ ကျောက်လုံးကြီးဘက်ကလည်း သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာတော့ လူရှင်းနေတာပဲ။ မြို့ကလူတွေ ထိခိုက်တာတော့ မကြားရသေးဘူး။ ဒီနေ့ ကြံ့ဖွံ့ရုံးကို ဝင်တိုက်မယ် ဘာညာနဲ့ ကြားထားတာတယ်လေ။ ဒီနေ့က ကလေးတွေ ကျောင်းသွားအပ်တယ်လေ၊ အဲဒါ အသံတွေကြားတာနဲ့ အိမ်မှာ ပြန်နေကြရတယ်” ဟု ဒေသခံကုန်သည်တဦးက ပြောပြပါတယ်။
မြဝတီမြို့မှာ မေလ ၂၅ ရက် မနေ့ကတည်းက မြို့ထဲမှာ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံပြည်သူများ အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment