အခုတပတ်ထဲမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာပြည်တွင်း ဝင်ရောက်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ ဧရာဝတီတိုင်းအတွင်းက နာဂစ်ဒုက္ခသည်တွေအတွက် ပုဂ္ဂလိကအလှူရှင်တွေ အများကြီး ပေါ်ထွက်ခဲ့သလို အနုပညာရှင်တွေကလည်း အားတက်သရော ကူညီခဲ့တာကို တွေ့ခဲ့ရပါတယ်။ ၃ နှစ် ရှိပြီဆိုပေမယ့် ဒီဒေသက ဒေသခံတွေအနေနဲ့ ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးကြီးကို မမေ့ပျောက်နိုင်ကြ သေးပါဘူး။ မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေကို ဝါးမြိုခဲ့တဲ့ ဒီ ဒုက္ခဘေးဆိုးကြီးကို ဒီနေ့ထိ သတိရနေသေးတဲ့ ဒေသခံတွေ ရှိနေပါသေးတယ်။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတယ်လို့ အစိုးရက ကြေညာထားပေမယ့် အခုထိ လုံလောက်တဲ့ အကူအညီတွေ မရသေးဘူးဆိုတာ သတင်းတွေက၊ ဓာတ်ပုံတွေက ပြောနေဆဲပါ။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒုက္ခသည်တွေကို စာနာနားလည်စွာနဲ့ မြန်မာပြည်က အဆိုတော်များစွာ သီဆိုထားတဲ့ “ကမ်းလင့်မယ့် လက်များဖြင့်” ဆိုတဲ့ သီချင်းလေးကို
ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
6 May 2011
ကမ်းလင့်မယ့် လက်များဖြင့်
Etiketter: ဂီတ
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment