မေလ ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အခြေချသည့် နယ်ခြားစောင့်များသည် တပ်အင်အား ဖြည့်တင်းရန်အတွက် ဧပြီလဆန်းပိုင်းက စစ်သားသစ် စုဆောင်း၍ မရသောကြောင့် ယခုအချိန်တွင် မဲနှိုက်သည့်စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်နေသည်ဟု စုံစမ်းသိရှိရ သည်။
ပြီးခဲ့သည့် ဧပြီလ ၈ရက်နေ့က နယ်ခြားစောင့်တပ် အကြံပေးပုဂ္ဂိုလ် စောချစ်သူကိုယ်တိုင် မြ၀တီမြို့နယ် မယ်ပလဲ့တိုဒေသရှိ ရွာသူ ကြီးများကို ခေါ်တွေ့ခဲ့ပြီး ဧပြီလ ၂၇ရက်နေ့ နောက်ဆုံးထား၍ စစ်သားသစ် ၇၅ဦး တောင်းခံခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ စုဆောင်းမရသည့်အတွက် ယခုလို မဲနှိုက်ခိုင်းခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြော သည်။
၎င်းက “၂၇ရက် နောက်ဆုံး သတ်မှတ်ထားပေမယ့် ဘယ်ရွာမှ ပို့ပေးလို့ မရဘူးလေ။ ဆိုတော့ အခု တရွာကို ၂ယောက် သူတို့ဆီ မှာ မဲသွားနှိုက်ရမယ်။ မဲပေါက်တဲ့လူဆိုရင် မသွားမနေရ သွားရမယ်။ ဒီတစ်ရက်နှစ်ရက် အတောအတွင်းမှာ ရွာသားတွေ မဲသွား နှိုက်ရမယ်လေ။”ဟု ပြောသည်။
နယ်ခြားစောင့်တပ်မှ စစ်သားအဖြစ် အမှုထမ်းရမည့်သူများမှာ အသက် ၁၈နှစ်မှ ၃၅နှစ်ဝန်းကျင် သတ်မှတ်ထားပြီး အိမ်ထောင် သည်နှင့် လူပျိုလူလွတ်မရွေးဘဲ မဲပေါက်သူများအနေဖြင့် စစ်မှုမထမ်းနိုင်ပါက ထိုင်းဘတ် ၅၀,၀၀၀ ဒဏ်ငွေဆောင်ရမည်ဟု BGF က အမိန့်ထုတ်ထားကြောင်း ပဒိုစောအောင်မော်အေးက ပြောသည်။
BGF တပ်သားသစ်စုဆောင်းမှုနှင့်ပတ်သက်၍ ကေအဲန်ယူထံတွင် ယနေ့ ထွက်ပြေးရောက်ရှိလာသည့် DKBA တပ်မှူးဟောင်းတစ် ဦးဖြစ်သူ ဗိုလ်ဇာဂနာက “မယ်ပလဲ့တို၊ ရွှေကုက္ကို၊ ကယ်ဝေါ် စတဲ့ရွာတွေမှာ လိုက်ကောက်နေတုန်းပဲ။ မသွားနိုင်တဲ့လူဆိုရင် ဘတ် ငွေ ၃သောင်းနဲ့ လူငှားရမယ်။ ရွှေကုက္ကိုရွာမှာ အခု စစ်သင်တန်းတက်တာ ၂ရက်တောင် ရှိနေပြီ။ သင်တန်းသားအယောက် ၈၀ရှိ တယ်။”ဟု ပြောသည်။
ကေအဲန်ယူ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေတွင် ၂၀၁၁ခုနှစ်၊ မေလအထိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ကျော် ထွက်ပြေးရောက်ရှိ လာသောကြောင့် ယခုလို တပ်သားသစ်များ ပြန်လည်ကောက်ခံခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဖားအံခရိုင်က ပြောသည်။
နယ်ခြားစောင့်တပ်၏ စစ်မှုထမ်းရန်အတွက် မဲသွားနှိုက်ရမည့်ကျေးရွာများမှာ မယ်ပလဲ့တိုဒေသအတွင်းရှိ ရွှေကုက္ကို၊ ထီးဝါ့ဘလော၊ ကယ်ဝေါ်၊ လို့ဘော၊ ထီးချားရာ၊ ကျဝေါ်ခို့၊ သဲပုံ၊ ထီးဟိုထော၊ သီ့ဝါးပူ၊ ဖားကျူ၊ သက္ကာရ၊ မဲ့ပလဲ့ထာ့နှင့် တောအူရွာတို့ ဖြစ်ကြ သည်။
11 May 2011
မဲနှိုက်စနစ်ဖြင့် BGF စစ်သားသစ်စုဆောင်းမှုပုံစံပြောင်း
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment