http://www.rfa.org/burmes
မြန်မာအစိုးရကို ဆက်လက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ အစိုးရ စစ်အရာရှိတွေအကြား ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း SSA မြောက်ပိုင်း ပြန်ကြားရေးဌာန တာဝန်ရှိသူက ငြင်းဆိုလိုက်ပါတယ်။
စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြည်သူ့စစ်ဖွဲ့စည်း သွားတဲ့ ရှမ်းတပ်ဖွဲ့တွေရဲ့ ကြားခံဆောင်ရွက်ပေးမှုနဲ့သာ အစိုးရဖက်က တောင်းဆိုမှုတွေကို သူတို့အနေနဲ့ သွားရောက် နားထောင်ခဲ့တာသာ ရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးတာ မရှိကြောင်း သူက ပြောပါတယ်
SSA မြောက်ပိုင်း တပ်မဟာ (၁) ဟာ ပြည်သူ့စစ် ဖွဲ့စည်းဖို့ကို လက်မခံပဲ ရှိနေပြီး အခု ရက်ပိုင်းအတွင်း အချိန်ထိ ရှမ်းပြည်နယ်တွင်းက တချို့နယ်မြေဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်းလည်း ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းတနေရာမှာ ရှိတဲ့ SSA မြောက်ပိုင်း ပြန်ကြားရေးဌာနက ဗိုလ်ကြီးမင်းနိုင်ကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment