( ရဲ့ ရင့်ငယ် )

လေလံ ဈေးစံချိန်အမြင့်ဆုံးရရှိသွားခဲ့သည့် မြန်မာ့ပတ္တမြား
နယူးယောက် မြို့ ရှိ နာမည် ကျော် Doyle လေလံပွဲ တွင်၆.၂၉ ကာရက်ရှိ မြန်မာ့ ပတ္တမြား(Ruby)ကို လေလံစွဲ သူ တစ်ဦးက အမေရိကန် ဒေါ်လာ ၁.၃၂ သန်း ကျော်ပေး ၍ လေလံစွဲ သွားသည်ဟု သတင်း ရရှိသည်။
ယခု လေလံစွဲ သည့် ဈေးနှုန်းမှား ပတ္တမြား သတ်မှတ် ကာရက် ပေါက် ဈေးနှုန်း ထက် ပိုမို မြင့် မားသည့်စံချိန်တင် ဈေးရရှိခဲ့ကာ မူလ ကြမ်း ခင်း ဈေးမှာ ဒေါ်လာ ၆၀,၀၀၀ နှင့် ၈၀,၀၀၀ ကြားသာရှိသည်။
အဆိုပါ ပတ္တမြားသည် ကာတီယား စိန် တိုက် ထုတ် ဖြစ်ပြီး မူလ ပိုင်ရှင် မှာ အမေရိကန် သမ္မတ လင်ကွန်း၊၀ီလျှံ မက်ကင်ဟေး နှင့် သီရိုဒို ရူစဗဲ့ တို့ ၏ ကိုယ်ရေး အတွင်း ၀န် ဖြစ် ခဲ့ ဖူးသည့် ဂျွန်ဟေး၏ ချွေးမဖြစ် သူ အဲလစ် အဲပယ်(လ)တန် ဟေး (Hay Collection) ပိုင်ဆိုင်သည်။မြန်မာ့ ကျောက်မျက် ရတာ နာများ မှာ ကမ္ဘာ ကျော်ပြီး ယခု နှစ် မေလ က မြန်မာ စစ်အစိုးရမှကျင်းပ ပြု လုပ် သည့် ကျောက် မျက် ရတနာ ပြပွဲ တွင် ဒေါ်လာ ၂.၈ ဘီလျှံ ဖိုး ရောင်းချခဲ့ရသည်။
၁၉၉၀ ပြည့် နှစ်က မြန်မာ စစ်အစိုးရ က ရှာဖွေ တွေ့ ရှိ သည် ဆိုသည့် န၀တ ပတ္တမြား ကြီးမှာ၄၉၆ကာရက်ရှိပြီး ၊ မြန်မာ့ ပတ္တမြား ကြီး မှာ မူ ၂၁၄၅၀ ကာရက်( 4.29 Kg) ရှိကာ ကမ္ဘာတွင်အကြီးဆုံး ဖြစ်သည်။ ယခု အဆို ပါ ပတ္တမြား ကို Max အချိုရည် လုပ်ငန်း ပိုင် ရှင် ဦးဇော်ဇော် ကပိုင် ဆိုင် သည် ဟု ဆိုသည်။
ပတ္တမြား လေလံစွဲ သည့် သတင်း
ပတ္တမြားကြီး ၏ သတင်းအချက် အလက် (၁) ကိုကြည့်ရန်

ပတ္တမြားကြီး ၏ သတင်းအချက် အလက် (၂) ကိုကြည့်ရန်

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment