http://www.rfa.org/burmese/news
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်ရဲ့ အကြံပေးအရာရှိ စောချစ်သူဦးဆောင်တဲ့ အဖွဲ့က ကရင်ပြည်နယ် မြဝတီဒေသတွင်း ကျေးရွာတွေက တာဝန်ရှိသူတွေကို ဧပြီလ ၈ ရက်နေ့က ရွှေကုက္ကိုလ်ရွာကို ဆင့်ခေါ်ပြီး တပ်သားသစ် ၇၅ ဦး ရှာပေးဖို့ တောင်းခံခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်သည့် BGF တပ်၏ ဗိုလ်မှူးကြီး စောချစ်သူ (ဝဲစွန်) နှင့် ၎င်း၏ တပ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: http://kyokorea.blogspot.com)
အဲဒီလို တပ်သားသစ် စုဆောင်း ကောက်ခံခဲ့တာနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးက အခုလိုပြောပါတယ်။
“အဲဒီ ကုက္ကိုလ် မဲ့ပလဲဂွင်ထဲမှာ ရှိတဲ့ ရွာတွေ အားလုံးကို သူခေါ်စုပြီးတော့ တပ်သားသစ် ၇၅ ယောက် တောင်းတယ်နော်။ ဧပြီလ ၂၇ ရက်နေ့ကို အရောက် သူတို့ အပို့ခိုင်းလိုက်တယ်။ ဦးဆောင်တာတော့ ဗိုလ်ချစ်သူပဲနော်။ ကျေးရွာလူကြီးတွေ အားလုံးခေါ်ပြီးတော့ သူက အစည်းအဝေးလုပ်ပြီး တောင်းတာ၊ အဲဒါ ရွာကြီးရွာငယ်အလိုက်ပေါ့နော် တချို့ရွာတွေက ၁ ယောက် ၂ ယောက် ရှိတယ်။ ရွှေကုက္ကိုလ် တခုတည်းမှာတော့ အယောက် ၂၀ လောက် သူတောင်းတယ်။”
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကို၊ ကျေးရွာပေါင်း ၁၅ ရွာလောက်ကို ဆင့်ခေါ်ပြီး တပ်သားသစ်တောင်း ခံခဲ့တာလို့ သိရပါတယ်။ ရွှေကုက္ကိုလ်ရွာက ၂၀ဦး၊ ထီးဝါ့ဘလောရွာ ၁၂ဦး၊ ကယ်ဝေါ်ရွာ ၁၀ဦး၊ လို့ဘောရွာ ၇ဦး၊ ထီးချားရာရွာ ၅ဦး၊ ကျဝေါ်ခို့ရွာမ ၄ဦး၊ သဲပုံရွာ ၄ဦး၊ ထီးဟိုထောရွာမှ ၃ဦး၊ သီ့ဝါးပူရွာ ၃ဦး၊ ဖားကျူရွာ ၃ဦး၊ သက္ကာရရွာ ၂ဦး၊ မဲပလဲ့ထာ့ရွာ ၁ဦးနဲ့ တောအူရွာမှ ၁ ဦး ဖြစ်ကြောင်း သိရပါတယ်။
အခုလို တပ်သားသစ် ကောက်ခံတာနဲ့ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ RFA က ကရင်ပြည်နယ် ဘီဂျီအက်ဖ်တပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ် စောချစ်သူထံ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းဆက်သွယ်လို့ မရရှိခဲ့ပါဘူး၊






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment