http://freedomnewsgroup.com/
ရန်ကုန် မြောက်ပိုင်းက တိုက်ကြီး၊ မှော်ဘီ ၊ ရဲမွန် နဲ့  အင်းတကော် က တပ် တွေ ဟာ ရန်ကုန်
တိုင်း စစ်ဌာနချုပ် ကို မကြာခင် ၀ိုင်းတော့ မယ်လို့  မှော်ဘီ လေတပ် စခန်း က အရာ ရှိ တစ်ဦး
က FNG ကို ပြောပါတယ်။
ဒီတပ်တွေ ဟာ သူတို့ ရဲ့  မကျေနပ် ချက် တွေ နဲ့  အခွင့် အရေး တစ်ချို့ ဆုံး ရှုံး တာတွေ နဲ့ ပတ်သက်
ပြီး အထက် ကို တင်ပြရာမှ ဘာမှ လုပ်ဆောင် ဖြေရှင်း ပေးမှု မရှိတာ ကြောင့် အခုလို လက်နက်
ကိုင် ဖြေရှင်းရတော့ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး အသစ် ဖြစ် တဲ့ ဗိုလ်မှုးချုပ် ထွန်းသိန်း ရော ၊ ကာကွယ်ရေး
ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက် ပါ ဒီပြဿနာ တွေ ကို ကျွမ်းကျင် လိမ္မာ
စွာ ကိုင် တွယ် ဖြေရှင်း နိုင်မယ် မထင် ဘူးလို့  ရန်ကုန် မြို့ က အငြိမ်းစား တပ်မတော်အရာရှိ
ဟောင်း တစ်ဦးက FNG ကို ပြောပါတယ်။
ယမန်နေ့ က ပြန်လှန် ပစ်ခတ်မှု တွေ ကြောင့် အရာရှိ အဆင့် ရှိသူ တစ်ဦး ကျဆုံး ခဲ့ရတယ်
လို့  ဘီဘီစီ မြန်မာ ပိုင်း အသံလွှင့် အစီအစဉ် က ကြေငြာ သွား ခဲ့ပါတယ်။
ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဒီပြဿနာ ကို
ဝင်ရောက် ဖြေရှင်း ပေလို့ ပေမယ့် ၊ တိုင်းမှုး အသစ် ကတော့ အရပ်သား ဖြစ်သွား ပြီ ဖြစ်တဲ့
ဦးမြင့်ဆွေ ရဲ့ ကြားဝင်စေ့စပ် မှု ကို လက်မခံ ဘူးလို့ သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment