BBC
ယနေ့ မနက် အစောပိုင်း က မှော်ဘီ ခလရ ၉၁ ကို ၀ိုင်းထား သည့် တပ်များ က တပ်တွင်း ၀င်းပေါက် ကင်းစ ခန်း ကိုလှမ်း ပစ်ရာ မှ ခြေလျှင် တပ်များ အခြေစိုက် သည့် မှော်ဘီ နှင့် ထောက်ကြံ့တွင် လုံခြုံရေးများ တိုးမြှင့် ထားသည်။
.... ဒီကနေ့ မနက် ၃ နာရီမှာ ရန်ကုန်တိုင်း မှော်ဘီ အခြေချ ခလရ(၉၁) တပ်ရင်းကို လုံခြုံရေး ယူထားတဲ့ တပ်တွေ က တပ်ရင်း ၀င်ပေါက် ကင်းစခန်းကို စတင် ပစ်ခတ် လိုက်တယ်လို့ အပစ်ခံ လိုက်ရတဲ့ ခလရ(၉၁)က တပ်သား တဦးက ဘီဘီစီကိုပြောပါတယ်။ လုံခြုံရေး အခြေအနေက အလွန်တင်းကြပ်လို့ အပစ်ခံလိုက်ရတဲ့ တပ်ရင်းက တပ်သားတွေနဲ့ ဘီဘီစီက မိနစ်ပိုင်းလောက်ဘဲ စကားပြောခွင့် ရလိုက်ပါတယ်။ ဖြစ်ပွါးပုံက ဒီကနေ့ မနက် ၃ နာရီ အချိန်မှာ တပ်ရင်း ၀င် ပေါက် ကင်းတဲက ရဲဘော်တွေ ကင်းချိန် ပြောင်းလဲတဲ့ အချိန်မှာ တပ်ရင်း ပြင်ပက လုံခြုံရေး တပ်တွေကနေ အရင် ပစ်ခတ်လိုက်တာပါ။ (၁၅) မိနစ်ခန့် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တယ်လို့ ပစ်ခတ်မှုမှာ ပါတဲ့ တပ်သား တဦးက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လုံခြုံရေး တပ်တွေကို ရုတ်သိမ်းပေးဖို့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသောင်းအေး က ရန်ကုန်တိုင်းမှူးထံကို တင်ပြထားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီပြဿနာဟာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ(၉၁) တပ်ရင်းက စားဝတ်နေရေး ဖြေရှင်းဖို့ အပါအ၀င် နိုင်ငံရေးအရ အချက်(၄)ချက်ပါ တောင်းဆိုချက်ကို ရန်ကုန်တိုင်း တိုင်မှူးထံ တင်ပြခဲ့ရာက တုန့်ပြန်မှု ဘာမှ မရဘဲ အခုလို ပစ်ခတ်တဲ့အထိ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးအရ တဖက်နဲ့တဖက် အလွန် တင်းမာလျက်ရှိပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment