မောက္ခပညာရေး သုတေသနသတင်း
ပညာရေး သုတေသန ဆာဗေးလေ့လာချက်တွင် ဆင်းရဲနွမ်းပါးသော ကလေးငယ်များသည်  ဆာလောင် မွတ်သိပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားမရှိခြင်းတို့ဖြင့်  ကျောင်းတက်နေရကြောင်း တင်ပြထားသည်။
ချမ်းသာသည့် နိုင်ငံများအပါအ၀င် ပိုမိုဆင်းရဲနွမ်းပါးသည့် မြန်မာနှင့်  တတိယကမ္ဘာ့နိုင်ငံများမှ ကလေးငယ်များအတွက် ကျောင်းပညာရေးတွင် အဆင်မပြေမှု  များစွာရှိနေကြောင်းကို နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI ၏  အစီရင်ခံစာတွင် ဖော်ပြထားသည်။
အင်္ဂလန်ရှိ မူ၊ လယ်၊ ထက်ကျောင်းများနှင့် ကောလိပ်ကျောင်း စုစုပေါင်း ၆၂၇  ကျောင်းတွင် သင်ကြား နေကြသည့် ဆရာ လေးပုံ သုံးပုံခန့်က ဆင်းရဲနွမ်းပါးသော  ကလေးငယ်များကို စာသင်ကြားပေးနေရကြောင်း ဖြေကြားခဲ့သည်။ ကမ္ဘာ့ငွေကြေး  အကျပ်အတည်းစတင်ကတည်းက ဤပြဿနာမှာ ပိုမို ဆိုးရွားလာနေကြောင်း ပြောပြကြသည်။

၈၅ ရာခိုင်နှုန်းသော ဆရာများက သူတို့ စာသင်ကြားနေကြသည့် ကလေးများထဲမှ ဆင်းရဲနွမ်းပါးသော ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုတို့မှာ အနုတ်လက္ခဏာ ဆောင်နေသည်ဟု ရှင်းပြခဲ့ကြသည်။
၈၀ ရာခိုင်နှုန်းသော ဆရာများက ကလေးများသည် ပင်ပန်း နွမ်းနယ်စွာဖြင့် ကျောင်းတက်နေရကြောင်း၊ ၇၃ ရာခိုင်နှုန်းက ဗိုက်ဆာလောင်မှုဖြင့် ကျောင်းလာကြကြောင်း၊ ၆၇ ရာခိုင်နှုန်းက အ၀တ်အစား အစုတ်အပြဲများဖြင့် ကျောင်းလာတက် နေရကြောင်းကို ပြောပြခဲ့သည်။ 
၇၁ ရာခိုင်နှုန်းသော ဆရာများက ဆင်းရဲသော ကလေးအများစုမှာ မိမိကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေကြောင်းနှင့် ၆၅ ရာခိုင်နှုန်းကမူ ကျောင်းပြင်ပ လုပ်ဆောင်ချက်များဖြစ်သည့် ဂီတ၊ အားကစားနှင့် ရုပ်ရှင်ရုံသွားခြင်းတို့ကို မလုပ်နိုင်ကြ ကြောင်းဆိုသည်။
စုစုပေါင်း ၈၀ ရာခိုင်းသော ဆရာများက ဆင်းရဲမွဲတေမှုကြောင့် ကလေးများ၏ ပညာရေးတွင် ဆိုးကျိုးများစွာ ရှိနေရကြောင်းကို တညီတညာထဲ ပြောပြခဲ့ကြသည်။ ရလဒ်များ နိမ့်ကျခြင်း၊ အိမ်တွင် စာကြည့်ရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာမရှိခြင်း၊ အာရုံစူးစိုက်ရန် အခက်အခဲ ရှိနေခြင်းနှင့် ကွန်ပျူတာ၊ အင်တာနက်တို့ မရှိခြင်းတို့ကို ရင်ဆိုင် နေကြရသည်။
မြန်မာနှင့် အခြားသော တတိယကမ္ဘာ့နိုင်ငံများမှ ကလေးငယ်များ
ပိုမိုဆင်းရဲနွမ်းပါးသော မြန်မာနှင့် တတိယကမ္ဘာ့နိုင်ငံများတွင်မူ ဤပြဿနာမှာ ပို၍ဆိုးရွားနေလေသည်။ ကျောင်းပညာတတ်မြောက်မှသာ လူရာဝင်မည်ဟု မိဘများက ယုံကြည် မျှော်လင့်ချက်နှင့် ကြိုးစားပြီး ကျောင်းထားကြသော်လည်း ဆင်းရဲသား ကလေး အများစုကြီးမှာ စာသင်ခန်းတွင် အခက်အခဲ များစွာကို ရင်ဆိုင်နေကြသည်။
လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။ ကျောင်းတက်ရန် အခွင့်အရေး ဆုံးရှုံးနေရဆဲဖြစ်ပြီး မြန်မာ စာသင်ခန်းများအတွင်းရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်းမှာ နေ့စဉ်ပင် ဆာလောင်မှုနှင့် ကျောင်းတတ် နေရကြောင်းကို မြန်မာ ကျောင်းဆရာမ တစ်ဦး ဖြစ်သူ ဒေါ်သင်းသင်းက မောက္ခကို ပြောပြခဲ့သည်။
အဂတိတရား လိုက်စားမှု ပိုကျယ်ပြန့်လျက်ရှိပြီး ပညာရေးအဆင့်တိုင်းတွင် သက်ရောက်မှု ရှိနေသော မြန်မာကလေးများမှာမူ ကလေးအခွင့်အရေး ချိုးဖောက် ခံရခြင်းအပါအ၀င်၊ ကျောင်းပညာရေးမှ ခွဲခြား ဆက်ဆံမှုများကို ခံစားနေရဆဲဖြစ်ကြောင်း သုတေသနအရ လေ့လာတွေ့ရှိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment