
http://www.naytthit.net
ကမ္ဗောဒီးယားနိုင်ငံက နယ်စပ်ပြဿနာကို စေ့စပ်ရေးစားပွဲဝိုင်းမှာ ဖြေရှင်းလိုစိတ်မရှိဘူး၊ ထိုင်းနိုင်ငံအပေါ် ဆက်ပြီး ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လုပ်နေကြောင့် ကမ္ဗောဒီးယားနိုင်ငံနဲ့ဆက်ဆံရေးကို အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ရ မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွမ်က ပြောပါတယ်။
တနေ့က ထိုင်းနဲ့ကမ္ဗောဒီးယားစစ်သားတွေ တိုက်ခိုက်ကြအပြီး သူ့မှတ်ချက် ထွက်ပေါ်လာတာပါ။ ဒီတိုက်ပွဲမှာ ထိုင်း စစ်သား ၅ ယောက်သေပြီး ကမ္ဗောဒီးယား စစ်သား အနည်းဆုံး ၇ ယောက်သေဆုံးခဲ့ပါတယ်။ ဆူရင်နယ်က တိုက်ပွဲ တွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ရွာတွေကို သွားရောက်လည်ပတ်ပြီ အပြန်မှာ “ကမ္ဗောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်တိုက်နေတာပဲ” လို့ ကဆစ်က ပြောပါတယ်။
ထိုင်းနိုင်ငံက စစ်ပြေငြိမ်းဖို့အတွက် ကမ္ဗောဒီးယားဖက်က အဆင့်အသီးသီးက အရာရှိတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ ကမ္ဗောဒီးယားဖက်က ထပ်ခါတလဲလဲ စကားပြောဖို့ ငြင်းဆန်ခဲ့ပါတယ်လို့ ကဆစ်က ပြောပါတယ်။ “ကမ္ဗောဒီးယားဖက်က စေ့စပ်ဆွေးနွေးဖို့ သဘောထားမရှိတဲ့အတွက် နယ်စပ်ဒေသတလျှောက်မှာနေတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့နဲ့ ငြိမ်းချမ်းရေးပြန်ရဖို့ လုပ်ဆောင်တဲ့အခါမှာ ဒီနိုင်ငံနဲ့ဆက်ဆံရေးကို ကျနော်တို့ ပြန်လည်ပြင်ဆင်ရ ပါတော့မယ်” လို့ ၀န်ကြီးက ပြောပါတယ်။ ဒီကနေ့ ဆူရင်ဒေသက ပြန်လာပြီးနောက်မှာ ကာကွယ်ရေးဝန်ကြီး ဖရာဝစ် ဝေါင်ဆုဝမ်နဲ့ သူ့အနေနဲ့ မူဝါဒအပြောင်းအလဲတခုကို ဆွေးနွေးမှာဖြစ်တယ်လို့ ကဆစ်က ပြောပါတယ်။
ထိုင်းနယ်မြေပေါ်ကို ကမ္ဗောဒီးယားက ကျူးကျော်ဝင်ရောက်လာလို့ တိုက်ပွဲတွေဖြစ်ရတယ်ဆိုတာကို အာဆီယံအဖွဲ့ ၀င် နိုင်ငံတွေကို ၀န်ကြီးဌာနက အကြောင်းကြားမှာဖြစ်ပါတယ်။ လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အစိုးရဖက်က တင်း တင်းမာမာရှိနေချိန်မှာ ထိုင်းစစ်တပ်ဖက်ကတော့ စေ့စပ်ဆွေးနွေးဖို့ ပိုပီးပွင့်လင်းပုံပေါ်ပါတယ်။ သူ့အနေနဲ့တတိယ နိုင်ငံ တခုမှာ အထွေထွေနယ်စပ်ကော်မတီကနေတဆင့် ကမ္ဗောဒီးယားဖက်က အဆင့်တူတာဝန်ရှိ သူတဦး (ကာကွယ်ရေး ၀န်ကြီး)နဲ့ ဆွေးနွေးဖို့ အသင့်ပါပဲလို့ ဗိုလ်ချုပ်ကြီး ဖရာဝစ်က ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ကမ္ဗောဒီးယား နိုင်ငံ အပြင်ဖက်၊ တတိယနိုင်ငံတခုခုမှာ နယ်စပ်ကော်မတီအစည်းအဝေးလုပ်ဖို့ ထိုင်းစစ်တပ်က သဘောတူတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီးတွေ ပူးတွဲဥက္ကဋ္ဌလုပ်တဲ့ ၈ ကြိမ်မြောက်နယ်စပ်ကော်မတီအစည်းအဝေး ကို မူလစီစဉ်ထားတဲ့ ဇွန်လထက်စောပြီး လုပ်ချင်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ နယ်စပ်ကော်မတီအစည်းအဝေး ကို ကမ္ဗောဒီးယားက အိမ်ရှင်အဖြစ်ကျင်းပဖို့ စီစဉ်ထားပေမဲ့ အသင့်မဖြစ်သေးပါဘူး။ ထိုင်းတပ်မတော်ကတော့ တ ခြားနေရာမှာ လုပ်ချင်နေပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာ၀၀်က ပြောပါတယ်။ “နယ်စပ်ကော်မတီအစည်းအဝေးကို ဘယ် နေရာမဆို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ နှစ်ဖက်သဘောတူ ကိစ္စ ဖြစ်ရပါမယ်။” လို့ သူက ပြောပါတယ်။
မေလလယ်မှာ ဖရာဝစ်ဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တက်ဖို့ အင်ဒိုနီးရှားကို သွားပါမယ်။ အဲဒီမှာ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တီးဘန်နဲ့တွေ့ပြီး နယ်စပ်ကိစ္စတွေကို အစည်းအဝေးပြင် ပမှာ ဆွေးနွေးမှာဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုပါတယ်။ ဒါပေမဲ့ နှစ်ဖက်နယ်စပ် တွေမှာ အကဲခတ်လေ့လာသူတွေ ဖြန့်ထားဖို့ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အဆိုပြုချက်အပေါ် စစ်တပ်ရဲ့သဘောထား ရပ်တည် ချက်ကတော့ မပြောင်းလဲပါဘူး။
ကမ္ဗောဒီးယားစစ်သားတွေ ဖရားဝိဟာဘုရားကျောင်းပတ်လည်နဲ့ ဒီဒေသထဲက တခြားဘုရားကျောင်းတွေနဲ့လူနေရပ် ကွက်တွေကနေ ဆုတ်ခွာသွားတဲ့အပေါ်မှာ အင်ဒိုနီးရှားအကဲခတ် လေ့လာသူတွေ ကို ဒီအငြင်းပွားဒေသထဲကို ၀င် ခွင့်ပြုရပါမယ်လို့ ကြည်းတပ်ဦးစီးချုပ် ဖရာယုကျန်အိုချားက ပြောပါတယ်။ တတိယနိုင်ငံတခုကို လေ့လာစောင့် ကြည့် ဖို့ ခွင့်ပြုမယ့် အဆိုပြုချက်ကို နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့တပ်မတော်က သဘောမတူကြဘူးလို့ ဗိုလ်ချုပ်ကြီး ဖရာယု ကပြောပါတယ်။ “ဒါပေမဲ့ လိုအပ်တယ်ဆိုရင်တော့ ကမ္ဗောဒီးယားစစ်သားအားလုံး ဖရားဝိ ဟာ ဘုရားကျောင်းကနေ ဆုတ်ရမယ်ဆိုတဲ့ အခြေအနေကို ကျနော် တင်ပြရမယ်” လို့ ဗိုလ်ချုပ်ကြီး ဖရာယုက ပြောပါ တယ်။
“အစိုးရအမိန့်ရင် ကျနော်တို့ စတိုက်ပါမယ်။ ဒီကနေ့အမိန့်ထုတ်တာနဲ့ မနက်ဖန်ဆို ဒီဒေသကို ကျနော်တို့ ၀င်သိမ်း ပါမယ်” လို့ သူက ပြောပါတယ်။ နှစ်နိုင်ငံက စစ်သားတွေဟာ အခုဆို တဖက်နဲ့တဖက် မီတာ ၁၀၀ လောက်အကွာမှာ ဆိုင်ထားပါတယ်လို့ သူက ထပ်ပြောပါတယ်။
တနေ့ညနေက ထိုင်းနဲ့ ကမ္ဗောဒီးယားစစ်သားတွေ အမြောက်တွေနဲ့ အပြန်အလှန်ပစ်တဲ့အခါ ဆူရင်ပြည်နယ်၊ ဖနွမ်ဒုံ ရတ်ခရိုင်က ထာမူအင်ထွမ်နဲ့ထခွိုင်း ဘုရားကျောင်းနားမှာ နယ်စပ်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေ၊ ည ၁၀ နာရီခွဲမှာ အရင်ပစ်ခတ်မှုတခု ဖြစ်ခဲ့ပါသေးတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက်သေပြီး စစ်သား ၆ ယောက် ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူတွေကို ၀ီလယိုထင် တပ်စခန်းက ဆေးရုံနဲ့ ဆူရင်က ဆူရင်ဆေးရုံးကို သယ်သွားပါ တယ်။
ကမ္ဗောဒီးယားစစ်သားတွေက စတိုက်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ထိုင်းမှာ ရှိပါတယ်။ ဒီကိစ္စကို ကြာသပတေးနေ့မှာ အာဆီယံ ဥက္ကဋ္ဌနဲ့ ကဆစ်က ဆွေးနွေးမှာဖြစ်တယ်လို့ ၀န်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝက ပြော ပါတယ်။ ကမ္ဗောဒီးယားဖက် ပြဿာနာ ဆက်ဖြစ်ချင်နေတယ်ဆိုရင်တော့ စေ့စပ်ဆွေးနွေးတာက အသုံးဝင်မှာ မဟုတ် ဘူးလို့ အဖိဆစ်က ပြောပါတယ်။ ကမ္ဗောဒီးယားဖက်က ပစ်မယ်ဆိုရင်တော့ လက်တုန့်ပြန်မှုတွေ လုပ်ရပါမယ်လို့ သူကပြောပါတယ်။
25 April 2011
ထိုင်း-ကမ္ဗောဒီးယား ဆက်ဆံရေး အခြေအနေမကောင်း
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment