http://www.naytthit.net
နယ်စပ်တိုက်ပွဲတွေကို သူတို့စတိုက်တာ မဟုတ်ပါဘူးလို့ နှစ်ဖက်စလုံးကပြောပြီး ပစ်ခတ်တာတွေရပ်ဖို့ တယောက် နဲ့တယောက် တောင်းဆိုနေကြတယ်။ ဂျကာတာမှာ မေလအစောပိုင်းလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲ အပြင် ဖက်မှာ ကမ္ဗောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ စကားပြောဖို့အခွင့်အလမ်း ရမှာဖြစ်တယ်လို့ ၀န်ကြီးချုပ် အဖိဆစ်က အောက်လွှတ်တော်ကို ပြောပါတယ်။
ဟွန်ဆန်ရဲ့လှုပ်ရှားမှု
ဒါပေမဲ့ နယ်စပ်ပဋိပက္ခကို ထိုင်းဝန်ကြီးချုပ်နဲ့ နှစ်ဦးနှစ်ဖက်အပြန်အလှန် စကားပြောတာထက် အာဆီယံအစည်းအ ဝေးမှာ တင်မယ်လို့ ဟွန်ဆန်က ပြောပါတယ်။ “နောက်လမှာ ဒီကိစ္စကို အာဆီယံထိပ်သီးစည်းဝေးပွဲမှာ တင်မယ်၊ ဒါ ကြောင့် အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အဖိဆစ်နဲ့ ကျနော်တို့ စေ့စပ်ဆွေးနွေးနိုင်တယ်” လို့ ဆင်ဝှာသတင်းဌာနကို ပြောခဲ့တဲ့ ဟွန်ဆန်ရဲ့စကားကို ကိုးကားပြောဆိုပါတယ်။
“အာဆီယံအစီအစဉ်မှာ ထိုင်း-ကမ္ဗောဒီးယား နယ်စပ်ကိစ္စ မပါတောင်မှ ဒီကိစ္စကို အာဆီယံခေါင်းဆောင်တွေနဲ့ ကျနော်ဆွေးနွေးမယ်” လို့ သူက ပြောပါတယ်။ ထိုင်းနဲ့ ကမ္ဗောဒီးယားဟာ ဆီဆာခက်ပြည်နယ်က ဖရားဝိဟာနဲ့ ဆူရင် နယ်က ထာမူအင်ထုမ် ဆိုတဲ့ အဓိက နှစ်နေရာမှာ နယ်စပ်ကိစ္စနဲ့ပတ်သက်ပြီး စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ ကမ္ဗောဒီးယားအနေနဲ့ ထာမူအင်နဲ့ထာခွိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး ထိုင်းနဲ့စကားပြောမယ်။ ဒါပေမဲ့ ဖရားဝိဟာ ဘုရား ကျောင်းကိစ္စဆိုရင်တော့ ကြားခံအဖွဲ့လိုတယ်လို့ ဟွန်ဆန်က ပြောပါတယ်။
ကဆစ်ဟာ ထိုင်းနိုင်ငံသံအမတ်ကြီး ခရစ္စတီးကင်နေးနဲ့တွေ့ဆုံပြီး ကမ္ဗောဒီးယားနဲ့ပဋိပက္ခကို အကျဉ်းချုပ် မိတ်ဆက် ပေးပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖနွမ်းပင်ကခေါင်းဆောင်တွေကို ဆွဲဆောင်စည်းရုံးပေးဖို့ သူက ၀ါရှင်တနကို တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ရန်လိုသူမဟုတ်ပါဘူး။ ကမ္ဗောဒီးယားနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပါတယ်လို့ ကဆစ်က ပြောပါတယ်။ ကမ္ဗောဒီးယားကလည်း အိမ်နီးခြင်းထိုင်းနိုင်ငံကြီးနဲ့ ပဋိပက္ခမဖြစ်ချင်ပါဘူး။ အပစ်ရပ်ဖို့ တောင်းဆိုပါတယ်။ လို့ ဟွန်ဆန်ကပြောပါတယ်။ “ကမ္ဗောဒီးယားနိုင်ငံအနေနဲ့ နောက်ထပ်ပဋိပက္ခတွေ ထပ်မဖြစ်ချင် ဘူး။ ကမ္ဗောဒီးယားနိုင်ငံက ငယ်တယ်။ဆင်းရဲတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကလည်း အင်အားနည်းပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်က ဆင်ကောင်ကြီးကိုတောင် နာအောင်လုပ်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့” လို့ ပြောပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖရာဝစ် တနေ့က တရုတ်ကိုသွားပါတယ်။ ဒီခရီးစဉ်အပြီး ဒီအပတ်နှောင်းပိုင်းမှာ ကမ္ဗောဒီး ယားကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဖို့ ကြိုးစားမှာဖြစ်တယ်လို့ သူ့အတွင်းရေးမှူး နော့ပါဒွန်အင်တာဖညာက ပြောပါတယ်။ တိုက်ပွဲတွေဟာ ထာမူအင်နဲ့ထာခွိုင်ဘုရားကျောင်းနားမှာ တနေ့က ၆ ရက်မြောက် ဆက်ဖြစ်နေပါတယ်။ နယ်စပ်မှာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေတုန်းဖြစ်ပါတယ်။ ကမ္ဗောဒီးယားစစ်သားတွေက ဟိန္ဒူဘုရား ကျောင်း နားက ဖနွမ်ဒန်ရက်တောင်ကုန်းမှာ နေရာယူဖို့ ကြိုးပမ်းခဲ့အပြီးမှာ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
တိုက်ပွဲတွေမှာ ထိုင်းဖက် အရပ်သား တယောက်အပါအ၀င် ၆ ယောက်သေပြီး အခုထိ ၅၀ ကျော် ဒဏ်ရာရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment